36 C
Yangon

ကျိုက်ထိုမြို့နယ်၊ လက်ပံပင်သင်္ချိုင်းတွင် တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး

Must read

ကျိုက်ထိုမြို့နယ်၊ လက်ပံပင်သင်္ချိုင်းတွင် တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လက်ပံပင်သင်္ချိုင်းတွင် တပ်စွဲထားသောဘစစ်သားများကို ဒရုန်းဖြင့်ဗုံးကျဲတိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၃ ဦးထက်မနည်းသေဆုံးကြောင်း ကျိုက်ထိုတော်လှန် ရေးအင်အားစု -KRF ထံမှ သိရသည်။

ယနေ့ ဇွန်လ ၃ ရက် နေ့လည် ၁၂ နာရီ ၃၅ မိနစ်ခန့်က အဆိုပါအကြမ်းဖက်စစ်သားများအား စစ်ရေးပစ် မှတ်အဖြစ်သတ်မှန်၍ ဒရုန်းဖြင့် ၆၀ မမ ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ကင်းတဲစခန်းကို ထိမှန်ပျက်စီး ပြီး အကြမ်းဖက်စစ်သား ၃ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အ ထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF အဖွဲ့၊ KNU/KNLA ၊ Nightawks ၊ ABSDF နှင့် တောကျီးကန်းအဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article