30 C
Yangon

ကျုံဒိုးမြို့နယ်၊ ညောင်ရိပ်သာရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး

Must read

ကျုံဒိုးမြို့နယ်၊ ညောင်ရိပ်သာရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၃

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ ညောင်ရိပ်သာရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း KNU−ဗဟိုက ထုတ်ပြန်ထားသည်။

မေလ ၃၀ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် ဒူးပလာယာခရိုင် တပ်မဟာ ၆၊ ကျုံဒိုးမြို့နယ်၊ ညောင်ရိပ်သာကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်၏ ကျုံဒိုးမြို့အခြေစိုက် ခမရ ၅၄၅ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၅ လုံးဖြင့် ပြည်သူလူထု နေထိုင်ရာ ကျေးရွာများ အတွင်းကို ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျည်ကျရောက်ပြီး ကျုံဒိုးမြို့နယ် သရက်တော ကျေးရွာနေ အသက် ၃၄ နှစ်အရွယ် ဦးမင်အေးဝင်း (ခေါ်) အဖောင့် လက်နက်ကြီး ကျည်စ ဦးခေါင်းထိမှန် သေဆုံးခဲ့ကြောင်း၊ ကျေးရွာနေ ပြည်သူ အသက် ၃၈ နှစ်အရွယ် ဦးတင်ထွန်းဦးမှာ လက်နက်ကြီး ကျည်စ ထိမှန်ပြီး ဝမ်းဗိုက်တွင် ဒဏ်ရာရရှိကာ အရေးပေါ် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း၊ ကျုံဒိုးမြို့နယ် ကျောက်ဖျာကျေးရွာနေ အသက် ၄၀ နှစ်အရွယ် ဦးလှဝင်းဌေး (ခေါ်) ဖိုးဒေါ်လည်း ဘယ်ဘက်ပေါင် တင်ပါးအောက် လက်နက်ကြီးကျည်စ ရှပ်ထိ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article