26 C
Yangon

ကျောက်ထုမြို့နယ်၊ စံရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၂ ဦးသေဆုံး

Must read

ကျောက်ထုမြို့နယ်၊ စံရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၄

မကွေးတိုင်း၊ ကျောက်ထုမြို့နယ်၊ စံရွာအနီး တောင်ကြောပေါ်တွင် တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက် စစ်သား ၂ ဦး သေဆုံးပြီး ခဲယမ်းအချို့သိမ်းဆည်းနိုင်ခဲ့ကြောင်း ယောကာကွယ်ရေးတပ်ဖွဲ့ – YDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၃ ရက် ညနေ ၅ နာရီခွဲခန့်က အကြမ်းဖက်စစ်တပ်အတွက် စစ်ရေးအရ အရေးပါသော စံတောင်နေရာအင်အား ၁၈၀ ခန့်ဖြင့် စံတောင်ပတ်ဝန်းကျင်ကို ထိန်းချုပ်နိုင်ရန် အင်အား ၁၈၀ ခန့်ဖြင့် စစ်ကြောင်းလာသဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“မနေ့ကတည်းက ကျောက်ထုမြို့ထဲကို ပြန်ဆုတ်သွားတယ်ဗျ၊ သူတို့တက်လာတာကို မြင်လို့ ကျနော်တို့ ဘက်က စပစ်လိုက်တာ၊ နောက်တော့ သူတို့ဘက်က ပြန်ပစ်တာ နာရီဝက်ကျော်ကြာတယ်၊ သူတို့နေရာ ကို ကျနော်တို့ရောက်နေတာသိလို့ သူတို့ဘက်က ပြန်ဆုတ်သွားတာဗျ၊ နယ်မြေရှင်းဖို့ဆိုပြီးလာတာ” ဟု ယောကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြား သည်။

အဆိုပါတိုက်ခိုက်မှု ယောကာကွယ်ရေးတပ် – YDF ဦးဆောင်သော ယောနကစစ်ကြောင်းနှင့် ဂန့်ဂေါခရိုင် တပ်ရင်း(၉)တပ်ခွဲ (၁) ယောချောင်းတပ်ခွဲ – ကျောက်ထု PDF တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခို်ကမရှိအောင်မြင်ခဲ့ပြီး အကြမ်းဖက် စစ်သားများအသုံးပြုသော ခဲယမ်းကျည်ဆံတချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article