37 C
Yangon

ကျောင်းသား လက်ရုံး တပ်တော်ကို RPG တပ်ဆင်ရန် တကသများ ရန်ကုန်က Project အောင်စစ်သည် Campaign ပြုလုပ်

Must read

ကျောင်းသား လက်ရုံး တပ်တော်ကို RPG တပ်ဆင်ရန် တကသများ ရန်ကုန်က Project အောင်စစ်သည် Campaign ပြုလုပ်

ရန်ကုန်၊ ဇွန် ၈

ကျောင်းသား လက်ရုံး တပ်တော်ကို RPG လက်နက် တပ်ဆင်ရန် ကျောင်းသား လက်ရုံးတပ်တော်၏ မိခင်အဖွဲ့အစည်းဖြစ်သည့် ရန်ကုန် အခြေစိုက် တက္ကသိုလ်ကျောင်းသား သမဂ္ဂများ (တကသများ-ရန်ကုန်)က Project အောင်စစ်သည် Campaign ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Project အောင်စစ်သည်ကို တကသများ ရန်ကုန်၏ ပင်မ fundraising page ဖြစ်သည့် The REver က ဦးဆောင် ပြုလုပ်လျက်ရှိ‌ပြီး တကသများ ရန်ကုန်အဖွဲ့ဝင် တက္ကသိုလ်များ၏ fundraising page များလည်း စုပေါင်းပါဝင်လျက်ရှိကြောင်း၊ Project အောင်စစ်သည် campaign ကို ကျောင်းသား လက်ရုံးတပ်တော်၏ ကျောင်းသား ရဲဘော် ကိုကြာရွက် ဆုချီးမြှင့်ခြင်းခံရသည့် အောင်စစ်သည်ဓားကို အစွဲပြု ပေးထားခြင်းဖြစ်ပြီး တိုက်ပွဲ အဆုံးအဖြတ်တချို့ကို ဖော်ဆောင်နိုင်ရန် အတွက် RPG လက်နက် တပ်ဆင်နိုင်ရန် ရည်ရွယ်ပြီး ရဲဘော်ကြာရွက်က အောင်စစ်သည်ဓားကို fundraising ပြုလုပ်ရန်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း The REver Fundraising မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ campaign ကို ကျပ်သိန်း ၆၀၀ ပြည့်မှီရန် ခန့်မှန်းထားပြီး လက်မှတ်တစ်စောင်လျှင် တစ်သောင်းကျပ်သတ်မှတ်ထားကြောင်း၊ အောင်စစ်သည် campaignကို မေလမှာ စတင်လှုပ်ရှားခဲ့ခြင်း ဖြစ်သော်လည်း မိုခါမုန်တိုင်းသင့် ပြည်သူများကို ဦးစားပေးကူညီရန် အတွက် ရပ်နားထားခြင်းဖြစ်ကာ ဇွန်လ ၇ ရက်နေ့မှ စတင်ပြီး ၂၁ရက်နေ့ အထိ ၁၅ရက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article