40.9 C
Yangon

ကြာအင်းဆိပ်ကြီးမြို့ထဲသို့ စစ်တပ်က ရဟတ်ယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် သံဃာတော် ၁ ပါးနှင့် ပြည်သူ ၂ ဦး သေဆုံးပြီး ကလေးငယ် ၁ ဦး ဒဏ်ရာ အပြင်းအထန်ရ

Must read

ကြာအင်းဆိပ်ကြီးမြို့ထဲသို့ စစ်တပ်က ရဟတ်ယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် သံဃာတော် ၁ ပါးနှင့် ပြည်သူ ၂ ဦး သေဆုံးပြီး ကလေးငယ် ၁ ဦး ဒဏ်ရာ အပြင်းအထန်ရ

ရန်ကုန်၊ ဇွန် ၂

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ထဲသို့ စစ်တပ်က ရဟတ်ယာဉ်များဖြင့် ဗုံးကျဲပစ်ခတ်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် သံဃာတော် ၁ ပါးနှင့် ပြည်သူ ၂ ဦး ကျည်ထိမှန်သေဆုံးကြောင်း‌ ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့နံနက်ပိုင်း ကြာအင်းဆိပ်ကြီးမြို့အနီးတွင် စစ်ကောင်စီတပ်နှင့်တော်လှန်ရေးတပ်များအကြား တိုက်ပွဲများဖြစ်ပွားကြောင်း၊ ယင်းနောက် စစ်တပ်က လေကြောင်းပစ်ကူအဖြစ် ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခြင်း၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ကြာအင်းဆိပ်ကြီးမြို့ထဲသို့ လက်နက်ကြီးကျည်များ ကျရောက်ကာ အမှတ် ၃ ရပ်ကွက်၊ မဏိရတနာ စာသင်တိုက်မှ သံဃာတော် ၁ ပါး၊ ပြည်သူ ၂ ဦး ကျည်ထိမှန်သေဆုံးကြောင်း ၊ နေအိမ်များ လည်းပျက်စီးကြောင်း၊ သိရှိရသည်။

“ဒီမနက် ၅ နာရီခွဲလောက် ကြာအင်းဆိပ်ကြီးမြို့နားမှာ တိုက်ပွဲဖြစ်ကြတယ်။ အဲဒီနောက်တော့ စစ်တပ်ကနေ ရဟတ်ယာဉ်တွေနဲ့ ပစ်တယ်။ လက်နက်ကြီးတွေနဲ့ မြို့ထဲကို ထုတယ်။ သံဃာတော် ၁ ပါးနဲ့ ပြည်သူ ၂ ဦး သေဆုံးပါတယ်။ အပျက်အစီးတွေလည်းများတယ်။ အခုထက်ထိ မြို့ပြင်နားမှာ တိုက်ပွဲတွေဖြစ်နေတယ်။ ရဟတ်ယာဉ်နဲ့က မကြာ မကြာ လာပစ်နေတယ်” ဟု ကြာအင်းဆိပ်ကြီးမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် ကြာအင်းဆိပ်ပြီး မြို့နေပြည်သူများမှာ တိုက်ပွဲများ ဆက်လက်ပြင်းထန်လာမည်ကို စိုးရိမ်နေကြပြီး မြို့တွင်းတွင် တိတ်ဆိတ်လျက်ရှိကြောင်း၊ စျေးဆိုင်တချို့မှာလည်း ပိတ်သိမ်းသွားပြီး စစ်တပ်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ဆက်လက် ရမ်းသမ်းပစ်ခတ်နေဆဲဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article