32 C
Yangon

ခင်ဦးတွင် စစ်ဘေးရှောင်ရင်း အသက် ၆၆ နှစ်အရွယ် အဖွားအို ၁ ဦး အမောဖောက်ပြီး သေဆုံး၊ ရွာပေါင်း ၁၂ ရွာကျော်က ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

Must read

ခင်ဦးတွင် စစ်ဘေးရှောင်ရင်း အသက် ၆၆ နှစ်အရွယ် အဖွားအို ၁ ဦး အမောဖောက်ပြီး သေဆုံး၊ ရွာပေါင်း ၁၂ ရွာကျော်က ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဇွန် ၄

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ဘေးရှောင်ရင်း အသက် ၆၆ နှစ်အရွယ် အဖွားအို ၁ ဦး အမောဖောက်ကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၄ ရက်နေ့တွင် ခင်ဦးမြို့နယ်၊ မရမ်းအင်ရွာမှ စစ်ဘေးရှောင် အသက် ၆၆ နှစ်အရွယ် ဒေါ်ခင်မြဝင်းသည် စစ်ရှောင် တိမ်းရှောင်ရင်း အမော ဖောက်ကာ သေဆုံးခဲ့ပြီး စစ်ရှောင်သည့် နေရာ၌ သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

” စစ်ဘေးရှောင်နေတာက ဇွန်လ ၂ ရက်နေ့ကတည်းကပါ။ သေဆုံးသူက မရမ်းအင်ရွာက စစ်ဘေးရှောင် ဒေါ်ခင်မြဝင်း အသက် ၆၆ နှစ်ပါ။ ဇွန်လ ၄ရက်နေ့မှာ စစ်ရှောင်ရင်း အမောဖောက် သေဆုံးသွားတာ စစ်ရှောင်တဲ့ နေရာပဲ သင်္ဂြိုလ်လိုက်တယ်လို့ သိရတယ်” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက် စီးနင်းမှုကြောင့် ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ တိုက်နယ် ၂ ဒေသများ ဖြစ်သည့် ရွာသစ်ကျေးရွာ ၊အင်းပတ်ကျေးရွာ၊ ချမ်းသာကုန်းကျေးရွာ၊ ညောင်ပင်ခြံရွာ၊ ဆည်ကြီးကျေးရွာ၊ မရမ်းအင်းရွာ၊ ကုန်းသာရွာ၊ သဲကုန်းကြီးရွာ၊ ကျီးအိုင်ရွာ၊ အောင်သာရွာ၊ အင်းပေါက်ရွာ၊ မုံတောရွာ စသည့် ကျေးရွာ ၁၂ ရွာက ဒေသပြည်သူ ၁၀၀၀၀ ကျော်သည် ဇွန်လ-၁ရက်နေ့မှ စကာ ယနေ့အထိ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။

ခင်ဦးမြို့အတွင်း ရောက်ရှိနေသော စစ်ကြောင်းသည် ရေဦးနှင့် အင်းပတ်ကွေ့မှ စစ်သားများ နှင့် ရွာသစ်ကုန်း ပျူစောထီးများ ပူပေါင်းထားသော စစ်ကြောင်းဖြစ်ပြီး အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေသော​ခြင်းကြောင်း ပြေးသူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကာ အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိနေကြောင်း ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေး အဖွဲ့ထံမှ သိရှိရသည်။

Photo – ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက် စီးနင်းမှုကြောင့် ထွက်ပြေး တိမ်းရှောင်နေရသော ပြည်သူများ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article