37 C
Yangon

ခင်ဦးမြို့နယ်၊ ကျီးအိုင်ကျေးရွာကို ယနေ့ နံနက်အစောပိုင်း စစ်တပ်က လက် နက် ကြီးများဖြင့် ပစ်ခတ် ဝင်ရောက်ပြီး မီးတင်ရှို့နေ

Must read

ခင်ဦးမြို့နယ်၊ ကျီးအိုင်ကျေးရွာကို ယနေ့ နံနက်အစောပိုင်း စစ်တပ်က လက် နက် ကြီးများဖြင့် ပစ်ခတ် ဝင်ရောက်ပြီး မီးတင်ရှို့နေ

ရန်ကုန်၊ ဇွန် ၂

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကျီအိုင်ကျေးရွာကို စစ်တပ်က ယနေ့ နံနက်အစောပိုင်း လက်နက်ကြီးများဖြင့် ပစ်ခတ် ဝင်ရောက်ပြီး မီးတင်ရှို့နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ယမန်နေ့ မူးသာကျေးရွာတွင် ညအိပ်ခဲ့ သော စစ်တပ်က ယနေ့ ဇွန်လ ၂ရက်နေ့နံနက်ပိုင်းတွင် ကျီးအိုင်ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ကျေးရွာအတွင်းသို့ ဝင်ရောက်လာကြောင်း၊ ကျီးအိုင်ကျေးရွာတောင်ပိုင်းမှ မီး စတင်ရှို့နေကြောင်း သိရှိရသည်။

” ကျီးအိုင်ကျေးရွာမှာ အိမ်ခြေ ၂၀၀ ကျော်လောက်ရှိမယ်။ ခွေးတွေဘက်က လက်နက်ကြီးနဲ့ပစ်ပြီး ဝင်လာတာ။ တိုက်ပွဲဖြစ်တာမရှိပါဘူး။ ပြည်သူတွေအားလုံးကတော့ ထွက်ပြေးတိမ်းရှောင်နေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ဇွန်လ ၁ ရက်နေ့တွင် စစ်ကောင်စီတပ်များက ရွာသစ်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၊ ရွာသစ်ရွာကို စစ်တပ်က မီးရှို့ခဲ့သဖြင့် ကျေးရွာ ၅ ရွာမှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် ခင်ဦးမြို့နယ် ရေဦး-ညောင်ပင်သာ လမ်းပိုင်းဘေးရှိ ရွာသစ်ကျေးရွာကို အင်းပတ်ကွေ့၌ အထိုင်ချထားသော စစ်သားများ၊ ရွာသစ်ကုန်းရွာမှ ပျူစောထီးများနှင့် ရေဦးတိုင်းရင်း ဆေးရုံမှ စစ်သားများ ပါဝင်သော အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကြောင်းက ဝင်ရောက် စီးနင်း မီးရှို့ခဲ့ကြောင်း၊ လက်နက်ကြီး လက်နက်ငယ်များဖြင့် ဒေသခံများကို လိုက်လံ ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်တပ်၏ စစ်ကြောင်းထိုး ပစ်ခတ် မီးရှို့မှုများကြောင့် ရွာသစ်ကျေးရွာ အပါအဝင် ချမ်းသာကုန်းကျေးရွာ၊ ညောင်ပင်ခြံကျေးရွာ၊ ဆည်ကြီးကျေးရွာနှင့် မူးသာကျေးရွာ စသည့် ကျေးရွာများမှ ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article