31 C
Yangon

ခင်ဦး၊ ကံသစ်ရွာကို စစ်တပ်က ၄ ကြိမ်မြောက် မီးတင်ရှို့နေ

Must read

ခင်ဦး၊ ကံသစ်ရွာကို စစ်တပ်က ၄ ကြိမ်မြောက် မီးတင်ရှို့နေ

ရန်ကုန်၊ ဇွန် ၄

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကံသစ်ရွာကို အကြမ်းဖက် စစ်တပ်က ၄ ကြိမ်မြောက် မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၄ ရက်နေ့ ညနေ ၄ နာရီ ခန့်တွင် ခင်ဦးမြို့နယ်၊ ကံသစ်ရွာကို အကြမ်းဖက် စစ်တပ်က ၄ ကြိမ်မြောက် မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။

” အဲရွာက အခုတစ်ကြိမ်နဲ့ဆို ၄ ကြိမ် မီးရှို့ဖျက်ဆီးခံထားရတဲ့ရွာပါ။ ရွာမှာရှိတ​ဲ့ နေအိမ်တွေ အကုန်လုံးကို ထပ်ရှို့နေတာလားတော့ မသိဘူး။ ပျက်စီးမှု အခြေအနေတော့ အတည်မပြုနိုင်သေးဘူး” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။

ကံသစ်ရွာကို အကြမ်းဖက် စစ်တပ်က ၂၀၂၂ ခုနှစ် ဇွန်လတွင် ပထမ အကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၅၂ လုံးပြာကျခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ဒုတိယအကြိမ် ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၇ အိမ်ပြာကျခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် မေလ ၁၉ရက်နေ့တွင် တတိယအကြိမ် ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကာ နေအိမ် ၁၉၅ လုံးပြာကျခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article