28 C
Yangon

ခင်ဦး၊ ရွာသစ်ရွာတွင် ပြည်သူ ၁ ဦးကို စစ်တပ်က မီးရှို့ သတ်ဖြတ်ပြီး နေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီး၊ ရွာပေါင်း ၁၂ ရွာကျော်က ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေး ခက်ခဲနေ

Must read

ခင်ဦး၊ ရွာသစ်ရွာတွင် ပြည်သူ ၁ ဦးကို စစ်တပ်က မီးရှို့ သတ်ဖြတ်ပြီး နေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီး၊ ရွာပေါင်း ၁၂ ရွာကျော်က ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေး ခက်ခဲနေ

ရန်ကုန်၊ ဇွန် ၃

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွာသစ်ရွာတွင် ပြည်သူ ၁ ဦးကို စစ်တပ်က မီးရှို့ သတ်ဖြတ်ပြီး နေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် ခင်ဦးမြို့နယ်၌ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိ ရွာသစ်ကျေးရွာကို အကြမ်းဖက် စစ်တပ် နှင့် ပျူစောထီး အင်အား ၁၀၀ ခန့်သည် ဒုတိယအကြိမ်အဖြစ် ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့သောကြောင့် နေအိမ် ၇ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း ၊ အသက် ၅၀ အရွယ် ပြည်သူ အမျိုးသား ၁ ဦးကို ဖမ်းဆီး၍ မူးသာကျေးရွာအရောက်တွင် မီးရှို့သတ်ဖြတ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းသည် ဇွန်လ ၁ ရက်နေ့တွင် မူးသာရွာ၌ ညအိပ်၍ ဇွန်လ ၂ ရက်နေ့ နံနက်ခင်းတွင် ကျီးအိုင်ရွာအတွင်းရှိ ကား ၁ စီးကို မီးရှို့ဖျက်ဆီး၍ အမျိုးသား ၁ ဦးကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ၊ ဇွန် ၂ ရက်နေ့မှစ၍ ယနေ့ ၃ ရက်နေ့အထိ မရမ်းအင်း ကျေးရွာအတွင်း ညအိပ်တပ်စွဲနေကာ ကျေးရွာအတွင်းရှိ ပြည်သူပိုင်ပစ္စည်းများကို မွှေနှောက်ဖျက်ဆီးနေကြောင်း ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးမှ တာဝန်ရှိသူမှ ပြောကြားသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက် စီးနင်းမှုကြောင့် ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ တိုက်နယ် ၂ ဒေသများ ဖြစ်သည့် ရွာသစ်ကျေးရွာ ၊အင်းပတ်ကျေးရွာ၊ ချမ်းသာကုန်းကျေးရွာ၊ ညောင်ပင်ခြံရွာ၊ ဆည်ကြီးကျေးရွာ၊ မရမ်းအင်းရွာ၊ ကုန်းသာရွာ၊ သဲကုန်းကြီးရွာ၊ ကျီးအိုင်ရွာ၊ အောင်သာရွာ၊ အင်းပေါက်ရွာ၊ မုံတောရွာ စသည့် ကျေးရွာ ၁၂ ရွာက ဒေသပြည်သူ ၁၀၀၀၀ ကျော်သည် ဇွန်လ-၁ရက်နေ့မှ စကာ ယနေ့အထိ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။

“အခုက စစ်ဘေးရှောင်က အရမ်းများနေတယ်။ ဒေသတွင်း အကူအညီနဲ့ တင်မရတော့လို့ အကူအညီများ ရချင်လို့ အကူညီပေးကြပါလို့ ပြောချင်တယ်။ ကျွန်တော်တို့ page ဖြစ်တဲ့ ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးအဖွဲ့ကိုလည်း ဆက်သွယ်လှူဒါန်းနိုင်းပါတယ်” ဟု ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ခင်ဦးမြို့အတွင်း ရောက်ရှိနေသော စစ်ကြောင်းသည် ရေဦးနှင့် အင်းပတ်ကွေ့မှ စစ်သားများ နှင့် ရွာသစ်ကုန်း ပျူစောထီးများ ပူပေါင်းထားသော စစ်ကြောင်းဖြစ်ပြီး အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေသော​ခြင်းကြောင်း ပြေးသူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကာ အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိနေကြောင်း ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေး အဖွဲ့ထံမှ သိရှိရသည်။

Photo – ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article