28 C
Yangon

ချင်းပြည်နယ် ခလရ ၂၆၉ နှင့် ၂၆၈ မှ တပ်သား ၃ ဦး လက်နက်ဖြင့် အလင်းဝင် ၊ တပ်သားစသိန်းအောင်ကို ငွေကျပ် သိန်း ၅၀ ချီးမြှင့်ပြီး လွတ်မြောက်ရာ ပို့ဆောင်

Must read

ချင်းပြည်နယ် ခလရ ၂၆၉ နှင့် ၂၆၈ မှ တပ်သား ၃ ဦး လက်နက်ဖြင့် အလင်းဝင် ၊ တပ်သားစသိန်းအောင်ကို ငွေကျပ် သိန်း ၅၀ ချီးမြှင့်ပြီး လွတ်မြောက်ရာ ပို့ဆောင်

ရန်ကုန်၊ ဇွန် ၄

ချင်းပြည်နယ်၊ ခလရ ၂၆၉ နှင့် ၂၆၈ မှ တပ်သား ၃ ဦး လက်နက်ဖြင့် အလင်းဝင်ကြောင်း PDF-Zoland က သတင်းထုတ်ပြန်သည်။

ချင်းပြည်နယ်၊ တီးတိန်မြို့ အခြေစိုက် ၂၆၉ တပ်ရင်းမှ တပ်သား စသိန်းအောင်သည် မေလ ၃၁ ရက်နေ့တွင် PDF-Zoland ထံတွင် သေနတ် တစ်လက်၊ ကျည်အိမ်၊ ကျည်ဆံများနှင့်အတူ ဝင်ရောက်ခိုလှုံကြောင်း ၊ တီးတိန်မြို့တပ်ကုန်း၊ ခြေလျင်တပ်ရင်း -၂၆၉ မှ MA-1 တစ်လက်၊ ကျည်အိမ် ၄ ခု၊ ကျည် ၂၆၀ ကျော်နှင့်အတူ အလင်းဝင်လာသော တပ်သာ စသိန်းအောင်ကို PDF-Zoland က ဘေးကင်းလုံခြုံသည့်နေရာသို့ ပို့ဆောင်ခဲ့ပြီး မြန်မာကျပ်ငွေ သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မေလ ၁၃ ရက်နေ့တွင် တွန်းဇံမြို့တွင် တာဝန်ကျနေသည့် ဖလမ်းမြို့အခြေစိုက် ခလရ-၂၆၈ မှ ထွက်ပြေးလ်သော တပ်သား လမင်းအောင် နှင့် တပ်သား မျိူးချစ် တို့ကိုလည်း PDF-Zoland မှ လုံခြုံရာသို့ ပို့ဆောင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article