31 C
Yangon

စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းကို တိုက်ခိုက်မှု စခန်းမှူး အပါအဝင် ရဲ ၇ ဦးသေဆုံး၊ မြင်းမူမြို့မရဲစခန်းအနီးရှိ စစ်တပ် ကင်းပုန်းများကို ဝင်ရောက် တိုက်ခိုက်

Must read

စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းကို တိုက်ခိုက်မှု စခန်းမှူး အပါအဝင် ရဲ ၇ ဦးသေဆုံး၊ မြင်းမူမြို့မရဲစခန်းအနီးရှိ စစ်တပ် ကင်းပုန်းများကို ဝင်ရောက် တိုက်ခိုက်

ရန်ကုန်၊ ဇွန် ၈

စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေး လမ်းမအနီးတွင်ရှိသည့် ညောင်ပင်ဝန်းရဲစခန်းကို PDF တပ်ဖွဲ့ ၂ ခုက ယနေ့ တိုက်ခိုက်ရာ စခန်းမှူး အပါအဝင် ရဲ ၇ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးခေါင်းများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၈ ရက်နေ့ ညနေ ၄နာရီ၂၁မိနစ်အချိန် PDF တပ်ရင်း ၃ရင်း၊ LPDFအဖွဲ့ ၂ ဖွဲ့ ပူးပေါင်း၍ ရဲစခန်းကို တိုက်ခိုက်ခဲ့ကြောင်း၊ မြင်းခြံခရိုင်တပ်ရင်း ၇ Zeroပြောက်ကျားတပ်ဖွဲ့၊ ကျောက်ဆည်ခရိုင်တပ်ရင်း ၁ နဂါးနီတပ်ရင်း၊ရွှေဘိုတပ်ရင်း ၁၅ ၊ ဆားတောင်မိုးကြိုး LPDF နှင့် အောင်သပြေညီနောင်LPDFအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ကြခြင်းဖြစ် ကြောင်း သိရှိရသည်။

“ဒီနေ့ပွဲက ဒရုန်း ၇ စီးနဲ့ ဗုံးသီး ၁၄ လုံးချတိုက်ခိုက်ခဲ့တာပါ။ မြေပြင်ဖရဲသီးနဲ့ချိတ်ဆက်ကြည့်တဲ့အခါ စခန်းမှူးအပါဝင်၇ ဦး သေတယ်လို့သိထားရတယ်။ သူတို့ဘက်က လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်တာတော့ရှိခဲ့တယ်။ ဒါပေမယ့် ကိုယ့်ဘက်ကတော့ အထိအခိုက်မရှိခဲ့ဘူး” ဟု ကျောက်ဆည်ခရိုင်တပ်ရင်း ၁ နဂါးနီးတပ်ရင်း၏ ဒုတပ်ရင်းမှူးဆရာလေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၃ ရက်နေ့ကလည်း ညောင်ပင်ဝန်း ရဲစခန်းကို ဒရုန်း ၅ စီးဖြင့် ဗုံးသီး ၉လုံးချ တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များ၏ အဆိုအရ သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့၊ မြို့မရဲစခန်းအနီးရှိ အကြမ်းဖက်စစ်တပ် ကင်းပုန်းစခန်းကို လက်ပစ်မိုင်းဖြင့် ဖောက်ခွဲပြီး အပြန်အလှန် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Moe Nyo Revolution Force-MNRF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၇ ရက် နံနက် နံနက် ၇ နာရီခန့်က အဆိုပါအကြမ်းဖက်စစ်သားများကို Moe Nyo Revolution Force-MNRF ရဲဘော်များမှ လက်ပစ်မိုင်း ဖြင့် တိုက်ခိုက်ပြီးနောက် အပြန်အလှန်ပစ်ခတ် မှုဖြစ်ခဲ့ရာ အကြမ်းဖက်စစ်တပ်လက်အောက်ခံရဲများ ထိခိုက်မှုရှိပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး ကျည်ထိမှန် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

“ကင်းပုန်းဝပ်တဲ့နေရာကို ဝင်တိုက်ခဲ့တာဗျ၊ ၄ ယောက်လောက်တော့ရှိမယ်၊ အပြန်အလှန်ပစ်ခဲ့တာ ၅ မိနစ်လောက်ကြာမယ်၊ ထိခိုက်မှုကတော့ သေချာပေါက်ရတယ်ဗျ၊ အတိအကျသိအောင်တော့ စုံစမ်း နေတုန်းပါ” ဟု Moe Nyo Revolution Force-MNRF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article