28 C
Yangon

စစ်ကောင်စီက ဖြတ်လေး ၄ ဖြတ် မူဝါဒဖြင့် မိုခါ မုန်တိုင်းဒဏ်ခံ ပြည်သူများအတွက် အကူအညီများကို ဖြတ်တောက်နေဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလအစည်းအဝေးတွင် တင်ပြ

Must read

စစ်ကောင်စီက ဖြတ်လေး ၄ ဖြတ် မူဝါဒဖြင့် မိုခါ မုန်တိုင်းဒဏ်ခံ ပြည်သူများအတွက် အကူအညီများကို ဖြတ်တောက်နေဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလအစည်းအဝေးတွင် တင်ပြ

ရန်ကုန်၊ ဇွန် ၈

စစ်ကောင်စီက ဖြတ်လေး ၄ ဖြတ် မူဝါဒဖြင့် မိုခါ မုန်တိုင်းဒဏ်ခံ ပြည်သူများအတွက် အကူအညီများကို ဖြတ်တောက်နေဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလအစည်းအဝေးတွင် တင်ပြပြောဆိုလိုက်သည်။

ကုလသမဂ္ဂ သဘာဝဘေးအန္တရာယ်ကျရောက်မှု လျှော့ချနိုင်ရေးဆိုင်ရာ Sendai Framework ပြန်လည်သုံးသပ်ရေး အဆင့်မြင့်အရာရှိကြီးများ မျက်နှာစုံညီအစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

မိုခါ မုန်တိုင်းကြောင့် ပြည်သူအများ ဒုက္ခရောက်နေချိန်တွင် တရားမဝင်စစ်ကောင်စီက “ဖြတ် (၄) ဖြတ်” မူဝါဒကိုအသုံးပြု၍ လူသားချင်းစာနာမှု အကူအညီပေးရေးပစ္စည်းများ ဖြတ်တောက်နေကြောင်း၊ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားနေသည့်နေရာများမှ ပြည်သူများထံ အကူအညီများ မရောက်ရှိရေးကို ကြိုးစားဆောင်ရွက်နေကြောင်း၊ ထို့ကြောင့် မုန်တိုင်းသင့် ပြည်သူများထံသို့ လိုအပ်သော အစားအသောက်၊ ဆေးဝါး၊ အခြားအရေးအပေါ်ပစ္စည်းများ၊ အရေးပေါ်ယာယီတဲများ စသည်တို့အပါအဝင် အရေးပေါ် ကယ်ဆယ်ကူညီ ထောက်ပံ့ပေးရေးဆိုင်ရာ အကူအညီများ ဆောင်ရွက်ပေးပါရန် သံအမတ်ကြီးက တိုက်တွန်းတောင်းဆိုသည်။

မြန်မာပြည်သူများထံ အကူအညီများပေးအပ်ရာတွင် တစ်နိုင်ငံလုံးရှိ ဒုက္ခသည်စခန်းများအပါအဝင် နေရပ်စွန့်ခွာနေရသူများ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် တော်လှန်ရေးမဟာမိတ်အဖွဲ့များ၏ ထိန်းချုပ်ရာဒေသများရှိ အကူအညီလိုအပ်နေသူများအားလုံးထံ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ဘဲ အကူအညီများ သာတူညီမျှပေးအပ်ရန် ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအပါအဝင် ကုလသမဂ္ဂ အေဂျင်စီများနှင့် ကူညီထောက်ပံ့ရေး အဖွဲ့အစည်းများသို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုသည်။

ထို့ပြင် အကူအညီပေးရာတွင် အမျိုးသားညီညွတ်ရေး အစိုးရ၏ ကယ်ဆယ်ရေးအရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီနှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းကြောင်း၊ အမှန်တကယ် လိုအပ်သူများအားလုံး တစ်ဦးမကျန် လက်ခံရရှိစေရေးအတွက် ဖြစ်နိုင်သည့် နည်းလမ်းအားလုံးကို ရှာဖွေဆောင်ရွက်ပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းထံသို့ မေတ္တာရပ်ခံတောင်းဆိုကြောင်းလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ သဘာဝဘေးအန္တရာယ်ကျရောက်မှုလျှော့ချနိုင်ရေး Sendai Framework ပြန်လည်သုံးသပ်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ မျက်နှာစုံညီ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မေလ ၂၃ ရက်နေ့ UN Office for the Coordination of Humanitarian Affairs က မိုခါဆိုင်ကလုန်းနှင့်ပတ်သက်၍ ပြန်လည်ထူထောင်ရေးနှင့် ရေရှည်နေထိုင်မှု အစီအစဉ်များ ဆောင်ရွက်ရေးအတွက် အမေရိကန်ဒေါ်လာ ၃၃၃ သန်း လိုအပ်ကြောင်း၊ လိုအပ်သည့်သူများထံ အကူအညီများရောက်ရှိရန် လိုအပ်ကြောင်း ထုတ်ပြန်ကြေညာမှုအပေါ် ကြိုဆိုကြောင်း၊ နိုင်ငံတကာ အလှူရှင်များနှင့် အာဆီယံလူသားချင်းစာနာမှုအကူအညီပေးရေးဌာန၏ ကြိုးပမ်းမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ သို့ရာတွင် အမှန်တကယ်လိုအပ်သည့်များထံ အကူအညီများ ရောက်ရှိရန် အထူးအရေးကြီးကြောင်းလည်း ပြောကြားသွားခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတက်ရောက် မိန့်ခွန်းပြောကြားခဲ့သည့် သဘာဝဘေးအန္တရာယ် ကျရောက်မှုလျှော့ချနိုင်ရေး Sendai Framework ပြန်လည်သုံးသပ်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ မျက်နှာစုံ ညီ အစည်းအဝေးကို မေလ ၁၈ ၊ မေလ ၁၉ ၊ မေလ ၃၁ ရက်နေ့နှင့် ဇွန်လ ၆ ရက်နေ့များတွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article