31 C
Yangon

စစ်ကောင်စီအတွက် ငွေရှာပေးနေသော သာကြီးတောင်ရေနံမြေမှ ဌာနမှူး အောင်မိုး၊ ရေနံမြေရဲ ၂ ဦး အပါအဝင် Non-CDM ဝန်ထမ်း ၆ ဦး လက်နက် ကိုင်အဖွဲ့တစ်ခု၏ ဖမ်းဆီးမှု ခံရပြီး ပျောက်ဆုံးနေ

Must read

စစ်ကောင်စီအတွက် ငွေရှာပေးနေသော သာကြီးတောင်ရေနံမြေမှ ဌာနမှူး အောင်မိုး၊ ရေနံမြေရဲ ၂ ဦး အပါအဝင် Non-CDM ဝန်ထမ်း ၆ ဦး လက်နက် ကိုင်အဖွဲ့တစ်ခု၏ ဖမ်းဆီးမှု ခံရပြီး ပျောက်ဆုံးနေ

ရန်ကုန်၊ ဇွန် ၇

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကံမမြို့နယ်တွင် စစ်ကောင်စီအတွက် ငွေရှာပေးနေသော သာကြီးတောင်ရေနံမြေမှ ဌာနမှူး အောင်မိုး၊ ရေနံမြေရဲ ၂ ဦး အပါအဝင် Non-CDM ဝန်ထမ်း ၆ ဦး လက်နက်ကိုင်အဖွဲ့တစ်ခု၏ ဖမ်းဆီးမှု ခံရပြီး ပျောက်ဆုံးနေကြောင်း မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်း MOGE ထံမှ သိရှိရသည်။

ဇွန်လ ၅ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်အချိန် သာကြီးတောင်ရေနံမြေမှ ဆီဘောက်ဆာဖြင့် ရေနံများ သယ်ယူရင်း

သာကြီးတောင်ရေနံမြေ ထုတ်လုပ်ရေးဌာနမှူး၊ အင်ဂျင်နီယာ အောင်မိုး၊ ရေနံမြေရဲ ၂ ဦး၊ ထုတ်လုပ်ရေးဝန်ထမ်းများ အပါအဝင် Non-CDM ဝန်ထမ်း ၆ ဦး လက်နက်ကိုင်အဖွဲ့တစ်ခု၏ ဖမ်းဆီးခြင်းခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖမ်းဆီးခံရသူ အောင်မိုးသည် စစ်ကောင်စီအတွက် ဝင်ငွေ အကြီးအကျယ် ရှာပေးနေသူဖြစ်ကြောင်း၊ စစ်တပ်အတွက် အမှန်တကယ် အလုပ်လုပ်ပေးနေသည့် လာဘ်ပေးလာဘ်ယူအကြီးအကျယ် လုပ်ဆောင်သူလည်းဖြစ်ကြောင်း သိရှိရသည်။

“အောင်မိုးက စစ်ကောင်စီတအတွက် ကျေကျေနပ်နပ် တာဝန်ကျေပွန်စွာ အားရပါးရ ထမ်းဆောင်နေတဲ့သူ။ နေ ပြည် တော် ထုတ်လုပ်ရေးဌာန ညွှန်ကြားရေးမှူး စိုင်းကျော်ကျော်အောင် / ဒုညွှန်မှူး ကျော်ဇင်ဖြိုးတို့ရဲ့ လက်စွဲ တပည့်ဖြစ်တယ်။ အောင်မိုးက ချောက်မြို့မှာ နေထိုင်တယ်။ စစ်ကောင်စီလက် အောက်မှာ ရာထူးတိုး ယူချင်သူတွေ ဖြစ်တယ်။ အောင်မိုးမှာ ငွေတွေပါတယ်။ အောင်မိုးက အောက်ခြေကနေ နေပြည်တော်က ညွှန်ချုပ်တွေနဲ့ လူကြီးတွေကို ရှာကျွေးနေတာ။ ခေတ်ပျက်မှာ ငွေရှာ လုပ်စားနေတဲ့ ဌာနမှူး။ အထက်လူတွေကို ရှာကျွေးနေတာ။ တော်ရုံ တန်ရုံ ခိုးလို့ပြသနာဖြစ်ရင် နပတက လူကြီးတွေကို ပိုင်တယ်ဆိုပီး ပိုတိုးပြီး ခိုးတာ။ သူတို့ခိုးငွေတွေသည် သူတို့မိသားစုနဲ့ စစ်ကောင်စီ ထောက်တိုင်ရန်ပုံငွေပါပဲ” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် စစ်ကောင်စီ၏ MOGE ဌာနမှူး အောင်မိုး အပါအဝင် Non-CDM ဝန်ထမ်း ၆ ဦးကို ဖမ်းဆီးသွားသည့် အဖွဲ့မှာ မည်သည့်အဖွဲ့ ဆိုသည်ကို မသိရှိရသေးပေ။

ဓာတ်ပုံ- သာကြီးတောင်ရေနံမြေပတ်ဝန်းကျင်တွင် ရေနံပိုက်လိုင်း ပြုပြင်နေသော MOGE ဝန်ထမ်းများနှင့်ရေနံမြေရဲများ။ (ပုံအဟောင်းဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article