40.9 C
Yangon

ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာ ၅ ရွာကျော်ကို စစ်တပ်က စစ်ကြောင်းထိုး စီးနင်းနေပြီး ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

Must read

ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာ ၅ ရွာကျော်ကို စစ်တပ်က စစ်ကြောင်းထိုး စီးနင်းနေပြီး ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဇွန် ၄

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာ ၅ ရွာကျော်ကို စစ်တပ်က စစ်ကြောင်းထိုး စီးနင်းနေ​ကြောင်း အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၄ ရက်နေ့ နံနက် ၉ နာရီ ကျော်ခန့်က စတင်ကာ အကြမ်းဖက် စစ်တပ်က ဆားလင်းကြီးမြို့နယ်ရှိ ညောင်ပင်ကြီး ကျေးရွာကို စစ်ကြောင်းထိုး စီးနင်းလာသောကြောင့် ကျေးရွာ ၅ ရွာကျော်က ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။

” ကျေးရွာ ၅ ရွာကျော်က ပြည်သူ ၅၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရတယ်။ မုံရွာမြို့ကနေ စစ်ခွေး အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းက ညောင်ပင်ကြီးကို စစ်ကြောင်း ထိုးနေတယ်” ဟု အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article