31 C
Yangon

ဆားလင်းကြီး၊ ဘိုက်သရက်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၊ ကျေးရွာ ၅ ရွာမှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

Must read

ဆားလင်းကြီး၊ ဘိုက်သရက်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၊ ကျေးရွာ ၅ ရွာမှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဇွန် ၈

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဘိုက်သရက်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် လယ်ငေါက်ရွာ၌ ရောက်ရှိနေသော အကြမ်းဖက် စစ်တပ်က ဆားလင်းကြီးမြို့နယ်၊ ဘိုက်သရက်ရွာထဲကို လက်နက်ကြီး ၃ လုံးပစ်ထည့်ခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁ လုံး ပျက်စီးကာ ကျေးရွာ ၅ ရွာမှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“လယ်ငေါက်ရွာကနေ စစ်ခွေးတွေ လက်နက်ကြီး ၃လုံးပစ်တာ ဘိုက်သရက်ရွာထဲ ကျရောက်ခဲ့လို့ နေအိမ် ၁ လုံး ထိမှန် ပျက်စီးသွားတယ်။ စစ်ခွေးတွေက လက်ရှိအချိန်ထိ လယ်ငေါက်ရွာထဲမှာ အနီး အနားနားက ရွာ ၅ ရွာကျော်က ပြည်သူ ၃၀၀၀ ကေျာ် ထွက်ပြေး တိမ်းရှောင်နေရတယ်” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article