37 C
Yangon

ဆိပ်ဖြူမြို့နယ်ရှိ ကပစ ၂၂ ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်၊ သရက်ချောင်းမြို့နယ်၊ ပိဒေါက်ငယ်ရွာ အနီး တိုက်ပွဲဖြစ်ပွား

Must read

ဆိပ်ဖြူမြို့နယ်ရှိ ကပစ ၂၂ ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်၊ သရက်ချောင်းမြို့နယ်၊ ပိဒေါက်ငယ်ရွာ အနီး တိုက်ပွဲဖြစ်ပွား

ရန်ကုန်၊ ဇွန် ၂

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ ကပစ ၂၂ ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဂန့်ဂေါခရိုင်အမှတ် ၅ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

မေလ ၂၈ ရက်နေ့ ည ၁၁ နာရီမှ ၁ နာရီ ၃၀ မိနစ်ထိ ဆိပ်ဖြူမြို့နယ် အတွင်းရှိ ကာကွယ်ရေး ပစ္စည်း စက်ရုံ ကပစ ၂၂ ရှိ အဆောက်အဦးများကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

” စစ်ခွေးတွေရဲ့ အဆောက်အဦး ပျက်စီးမှုနဲ့ ထိခိုက်သေဆုံးသူ ရှိမရှိကိုတော့ မသိရသေးဘူး” ဟု ဂန့်ဂေါခရိုင်အမှတ် ၅ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဂန့်ဂေါခရိုင် အမှတ် ၅ တပ်ရင်းနှင့် နယ်မြေခံ တပ်ရင်းများဖြစ်သော ပခုက္ကူခရိုင် အမှတ် ၄၊ ၁၁၊ ၁၉ တပ်ရင်း များက ပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ပိဒေါက်ငယ်ရွာ အနီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် သရက်ချောင်းမြို့နယ် ပိဒေါက်ငယ်ရွာတွင် သရက်ချောင်း မြို့နယ် ပိုဒေါက်ငယ်ရွာ တံတားအနီး ပဲဒက်ကျေးရွာမှ စစ်သားနှင့် ပျူစောထီးများကို သိန်းငှက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲသည် မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး ကာကွယ်ရေး အဖွဲ့များ ထိခိုက်မှု မရှိဘဲ အောင်မြင်စွာပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း စစ်သားနှင့် ပျူစောထီးများ ထိခိုက် သေဆုံးမှု စာရင်းကို စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။

” ကြာသပတေးနေ့ နံနက် ၁၀ နာရီခွဲလောက်က သရက်ချောင်းမြို့နယ် ပိဒေါက်ငယ်ရွာ တံတားအနီးမှာ ပဲဒက်ကျေးရွာက စစ်ခွေး၊ ပျူခွေးတွေ နဲ့ သိန်းငှက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ မိနစ် ၂၀ ခန့် ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး ကာကွယ်ရေး အဖွဲ့က ထိခိုက်မှုမရှိ အောင်မြင်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်။ စစ်ခွေးနဲ့ ပျူခွေးတွေ ထိခိုက် သေဆုံးမှု စာရင်းကို စုံစမ်းဆဲပဲ” ဒေသကာကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article