29 C
Yangon

ဆိပ်ဖြူမြို့နယ်ရှိ လက်နက်ပစ္စည်းထုတ်စက်ရုံ ကပစ ၂၁ ၊ ကပစ ၂၂ ၊ တပ်ရင်းအမှတ် ၂၀၃၆ တို့ကို ရှော့တိုက်ဒုံး၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

Must read

ဆိပ်ဖြူမြို့နယ်ရှိ လက်နက်ပစ္စည်းထုတ်စက်ရုံ ကပစ ၂၁ ၊ ကပစ ၂၂ ၊ တပ်ရင်းအမှတ် ၂၀၃၆ တို့ကို ရှော့တိုက်ဒုံး၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

ရန်ကုန်၊ ဇွန် ၄

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ လက်နက်ပစ္စည်းထုတ်စက်ရုံ ကပစ ၂၁ ၊ ကပစ ၂၂ ၊ တပ်ရင်းအမှတ် ၂၀၃၆ တို့ကို ရှော့တိုက်ဒုံး၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးကြောင်း ပခုက္ကူခရိုင် အမှတ် ၁၉ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေး တပ်ရင်းမှူး ကိုပိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၄ ရက်နေ့ နံနက် ၃ နာရီခန့်အချိန် စစ်ကောင်စီ၏ လက်နက်ထုတ်လုပ်သော ကပစ ၂၁ ကာကွယ်ရေးပစ္စည်းစက်ရုံ လက်နက်ဂိုထောင်များကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗုံးသီးလောင်ချာ ပြုလုပ်သည့် အဆောက်အအုံထိမှန်ကာ စစ်ကောင်စီဝင်များ အကျအဆုံးရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ မေလ ၂၇ ရက်နေ့ညနေ ၅ နာရီအချိန်တွင်လည်း‌ မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ကန်စွန်းမကျေးရွာအနီး အနောက်ဘက် ၁ မိုင်ခန့်အကွာတွင် လစခ ၉ လက်အောက်ခံ နမတစစ်ဌာန တပ်ရင်းအမှတ် ၂၀၃၆ မှ အင်အား ၁၀ ဦးခန့်ပါ ကင်းပုန်းကို ပခုက္ကူခရိုင်အမှတ် ၁၉ တပ်ရင်း- ဆိပ်ဖြူဘာမထီ တပ်ခွဲ ၁ ၊ ၂ က လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဝင် ၃ ဦး သေဆုံးခဲ့ကြောင်း တပ်ရင်းမှူး ကိုပိုင်က ဆိုသည်။

ထို့ပြင် မေလ ၂၈ ရက်နေ့ည ၁၁ နာရီအချိန် မကွေးတိုင်း ဆိပ်ဖြူမြို့နယ် အခြေစိုက် ကပစ ၂၂ ကာကွယ်ရေးစက်ရုံကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း ၊ တိုက်ခိုက်မှုများတွင် ရဲဘော်များ အထိအခိုက် အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ကျနော်တို့ အခြေအနေတွေအရ အခုမှ သတင်းထုတ်ပြန်တာပါ” ဟု ပခုက္ကူခရိုင် အမှတ် ၁၉ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေး တပ်ရင်းမှူး ကိုပိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article