36 C
Yangon

တနင်္သာရီမြို့နယ်၊ သိန္ဓောရွာရှိ စစ်တပ် စခန်းကို ဝင်ရောက် တိုက်ခိုက်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်

Must read

တနင်္သာရီမြို့နယ်၊ သိန္ဓောရွာရှိ စစ်တပ် စခန်းကို ဝင်ရောက် တိုက်ခိုက်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ ဇွန် ၄

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန္ဓောရွာရှိ အကြမ်းဖက်စစ်တပ် ရှေ့တန်းအထိုင်စခန်းကို ဝင် ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးပြင်းထန်ဒဏ်ရာရခဲ့ကြောင်း ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့ တနင်္သာရီထံမှ သိရသည်။

ဇွန်လ ၂ ရက် နံနက် ၁၀ နာရီခန့်က အဆိုပါ အကြမ်းဖက်စစ်တပ်ကင်းစခန်းကို ဘက်မလိုက် ပြောက် ကျားအဖွဲ့ တနင်္သာရီနှင့် SWDF တပ်ဖွဲ့တို့ပူးပေါင်းပြီး ရှောင်တခင် ဝင် ရောက်တိုက်ခိုက်ခဲ့ရာ ကင်းပုန်း အနီးအနားဂိတ်စောင့်နေသော အကြမ်းဖက်စစ်သားတစ်ဦးထိမှန်လဲ ကျခဲ့ကြောင်း၊ ၁၀ နာရီ ခွဲခန့် အထိ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပြီးနောက် အကြမ်းဖက်စစ်တပ်မှ အနီးအနားကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ သိန္ဓောရွာအထက်ပိုင်းရှိ ခြေတံရှည်အိမ် တစ်လုံးထိမှန်ပျက်စီးခဲ့ပြီး ရွာသူရွာသား များလည်း ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေခဲ့ရကြောင်း သိရသည်။

ထို့ပြင် မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Ronin Thirteen People’s Defence Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် မုံရွာ-ချောင်းဦး လမ်းပိုင်း၌ အကြမ်းဖက် စစ်တပ်၏ jumper ကား ၂ စီးကို ပဒေသာမိုင်း ၃ လုံးဖြင့် Ronin Thirteen People’s Defence Force (ဒေါင်းမင်းစစ်ကြောင်း အညာတပ်ခွဲ)က ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးသူ ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article