28 C
Yangon

တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာ၌ တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး

Must read

တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာ၌ တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၃

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း အမှတ် ၃ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂ ရက်နေ့ ညနေ ၄ နာရီ ခန့်တွင် တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာတွင် တပ်စွဲထားသော အင်အား ၄၀ ခန့်ရှိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မြင်းခြံခရိုင်တပ်ရင်း အမှတ် ၃ နှင့် မဟာမိတ်အဖွဲ့ များမှ ပူးပေါင်း နှိမ်နင်း တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးပြီး တပ်ကြပ်ကြီး ၁ ဦး တောင်သာဆေးရုံသို့ ရောက်ရှိနေပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့သည့်အတွက် သေဆုံးရန် ရာခိုင်နှုန်း များကြောင်း သိရသည်။

တိုက်ပွဲ ဖြစ်ပွားပြီးနောက် ပြည်သူ့ကာကွယ်ရေး ရဲဘော်များ ပြန်လည်ဆုတ်ခွာစဥ် ရဲဘော် ၂ဦး ချောင်းရေ‌ထဲ ဖြင့် မျောပါသွားသော်လည်း ပြန်လည် ကယ်ဆယ်နိုင်ခဲ့ကြောင်း သို့သော် ရေစီးထဲကို သေနတ် ၁ လက် မျောပါသွားပြီး ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

” တိုက်ပွဲတွေလည်း တဖြေးဖြေး စိတ်လာတော့ ခဲယမ်းဖြည့်တင်းဖို့ လိုအပ်နေပါတယ်။ ပြည်သူတွေအနေနဲ့ စစ်ကောင်စီ ရှိတဲ့ နေရာတွေနဲ့ ဝေးဝေးနေဖို့ မေတ္တာ ရပ်ခံချင်ပါတယ်” ဟု မြင်းခြံခရိုင် တပ်ရင်း အမှတ် ၃ မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း အမှတ် ၃ နှင့်အတူ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၁ ၊ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၄ ၊ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၈ ၊ MGN 8Star နှင့် MDDS တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article