28 C
Yangon

‘ဒုံသမိတံတား စစ်ဆေးရေးဂိတ်နှင့် မုပ္ပလင်လမ်းဆုံ စစ်တပ်ဂိတ်ကို တိုက်ခိုက်မှု ဒုရဲမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံး

Must read

‘ဒုံသမိတံတား စစ်ဆေးရေးဂိတ်နှင့် မုပ္ပလင်လမ်းဆုံ စစ်တပ်ဂိတ်ကို တိုက်ခိုက်မှု ဒုရဲမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၂

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအနီးရှိ ဒုံသမိတံတား စစ်ဆေးရေးဂိတ်နှင့် ကျိုက်ထိုမြို့နယ်ရှိ မုပ္ပလင် စစ်တပ်ဂိတ်ကို KNU နှင့် PDF ပူးပေါင်းတပ်များက ယမန်နေ့ ဝင်ရောက်တိုက်ခိုက်ရာ ဒုရဲမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးကြောင်း တော်လှန်ရေးသတင်းရင်းမြစ်နှင့် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ဇွန်လ ၁ ရက်နေ့ နံနက် ၅ နာရီ ၅၀ မိနစ်အချိန် ဒုံသမိတံတားစစ်ဆေးရေးဂိတ်ကို KNU နှင့် PDF ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ တိုက်ခိုက်မှုကြောင့် ဒုရဲမှူး အပါအဝင် ရဲ ၆ ဦးသေဆုံးကြောင်း သိရှိရသည်။

“အသေးစိတ်တော့ ကြေးနန်းသတင်းမရသေးဘူး။ တိုက်ပွဲဖြစ်ပွားတာနဲ့ ရဲတွေဘက်က သေတာတွေ ဟုတ်တယ်” ဟု KNU တပ်မဟာ ၁ မဟာမိတ်ပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒေသပြည်သူတချို့၏ အဆိုအရ ဒုသမိတံတားဂိတ်တွင် ကားတစ်စီးပါ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရဲများ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုကြသည်။

အလားတူ ဇွန်လ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်အချိန် ကျိုက်ထိုမြို့နယ် မုပ္ပလင်လမ်းဆုံဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ပွဲချင်းပြီး သေကာ အများအပြားထိခိုက်ဒဏ်ရာရရှိကြောင်း Kyaikhto Revolution Force (KRF) ထံမှ သိရှိရသည်။

တိုက်ခိုက်မှုကို KRF နှင့်အတူ KNU/KNLA ၊ Nighthawks ၊ ကျိုက်ထိုပကဖတို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ KRF အဖွဲ့အနေနှင့် ပြည်သူများအပေါ် ထိခိုက်နစ်နာစေမည့် ဖောက်ခွဲမှု ၊ ပစ်ခတ်မှုများ အလျဉ်းမရှိပါကြောင်း၊ စစ်ကောင်စီလက်ပါးစေများ၊ သတင်းပေးဒလန်များနှင့် စစ်ကောင်စီထောက်တိုင်များကို ဆက်လက်ချေမှုန်းသွားမည်ဖြစ်ကြောင်း KRF မှ ပြောကြားသည်။

ဓာတ်ပုံ- ဒုံသမိတံတားစစ်ဆေးရေးဂိတ် တိုက်ခိုက်မှုအပြီး မြင်ကွင်း။

Photo- CJ/ C8 News

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article