32 C
Yangon

ပခုက္ကူတွင် စစ်တပ် ရိက္ခာပို့ယာဥ်တန်းနှင့် ကင်းပုန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ ကလေးမြို့တွင် စစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး

Must read

ပခုက္ကူတွင် စစ်တပ် ရိက္ခာပို့ယာဥ်တန်းနှင့် ကင်းပုန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ ကလေးမြို့တွင် စစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၈

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ရိက္ခာပို့ ယာဥ်တန်းနှင့် ကင်းပုန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း စကြာ်-ဒေသကာကွယ်ရေး တပ်ဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၇ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ပခုက္ကူ တပ်မ ၁၀၁ မှ စက်မှု ၂ သို့ ရိက္ခာ တင်ဆောင်လာသည့် အကြမ်းဖက် ကား ၇ စီးပါ ရိက္ခာပို့စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရိက္ခာယာဥ် ၁ စီး ပျက်စီးခဲ့ပြီး ယာဥ်ပေါ်လိုက်ပါလာသည့် စစ်သား ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ရိက္ခာယာဥ်တန်းကို ကင်းပုန်း၀ပ် စောင့်ဆိုင်းပေးနေသည့် စက်မှု ၂ မှ အင်အား ၂၀ ၀န်းကျင်ရှိ အကြမ်းဖက် စစ်သားများကို ကာကွယ်ရေးတပ်ဖွဲ့များက ဝိုင်း၀န်းပိတ်ဆို့ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးကာ ဆေးရုံတွင် ၁ ဦးသေဆုံးပြီး ၆ ဦး အပြင်းအထန် ဒဏ်ရရှိကာ စိုးရိမ်ရကြောင်း သိရသည်။

တိုက်ပွဲအတွင်း ကာကွယ်ရေး ရဲဘော်များက အသာစီးဖြင့် တိုက်ခိုက်ခဲ့သော်လည်း စက်မှု ၂ မှ ဖော့ကား ၂ စီးဖြင့်စစ်ကူ ရောက်ရှိလာသောကြောင့် ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သား အလောင်းများနှင့် ထိခိုက် ဒဏ်ရာရရှိသော စစ်သားများကို မြိုင်မြို့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။

” ပြည်သူများအနေနဲ့ မြိုင်-ကမ္မ လမ်းပိုင်းတွင် တိုက်ပွဲများ အချိန်မရွေး ဖြစ်ပေါ်လာနိုင်သောကြောင့် လုံး၀၊ လုံး၀ အသုံးမပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေး မေတ္တာရပ်ခံပါတယ်။ လိုက်နာခြင်းမရှိဘဲ ဖြတ်သန်း သွားလာပါက ဖြစ်ပေါ်လာတ​ဲ့ ပြသနာများကို တာ၀န်ယူမည်မဟုတ်​ပါ” စကြာ်-ဒေသကာကွယ်ရေး တပ်ဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၁ ၏ တပ်ခွဲ ၄ စကြာ် နှင့်အတူ တပ်ခွဲ ဆ တပ်ခွဲ ၂ ဂဠုန်၊ မုန်တိုင်းတပ်ဖွဲ့၊ MUGDF၊ ဝံပုလွေ၊ GOBA (ဗိုလ်မိုးကြိုး တပ်ဖွဲ့)၊ TYK (ပြောက်ကြားတပ်ဖွဲ့)၊ Anonvmous Special Task Force တပ်ဖွဲ့၊ BADASSESS BURMA FORCE (ဗမာ့စောက်ကြမ်းကြီးတပ်ဖွဲ့)၊ အပြုံးမပျက်တဲ့ ဂတုံးတပ်ဖွဲ့ တို့ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သာစည်ကျေးရွာ၊ မဟာအောင်မြေ ဘုန်းတော်ကြီးကျောင်း အနောက် ဘက် ပန်းစိုက်ခြံအနီးတွင် အကြမ်းဖက်စစ်သားများ ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၈ ဦးသေဆုံးခဲ့ ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ဇွန်လ ၆ ရက် ညနေ ၃ နာရီ မိနစ် ၂၀ ခန့်က ကလေးမြို့မှ ထွက်လာသော အကြမ်းဖက်စစ်သား ၂၂ ဦးကို ကလေးမြို့ပြပြောက်ကျား စီမံချက်(UG) အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ ကြောင်း၊ ယင်းသေဆုံး၊ ထိခိုက်စစ်သားများကို လာရောက်သယ်ချိန် အသင့်ထောင်ထားသော မိုင်း ၁ လုံး ဖြင့် ဒုတိယအကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကာ ကလေးမြို့တွင်းသို့ ပြန်ဆုတ်သွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article