31.9 C
Yangon

ပုလဲမြို့နယ်တွင် ကင်းလှည့်နေသော ပျူစောထီးများကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ဇီးဖြူကုန်းရွာရှိ ပျူစောထီးများကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ပုလဲမြို့နယ်တွင် ကင်းလှည့်နေသော ပျူစောထီးများကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ဇီးဖြူကုန်းရွာရှိ ပျူစောထီးများကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇွန် ၄

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာမှ ကင်းလှည့်ရန် ထွက်လာသော ပျူစောထီးများ တိုက်မိုင်း မိပြီး ၂ ဦးသေဆုံးသွားကြောင်း Royal Eagle People Defense Forec – Pale Battailin – 1 မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

ဇွန်လ ၂ ရက် နေ့လည် ၁ နာရီ ၄၅ မိနစ်ခန့်က ဇီးဖြူကုန်းရွာမှ ပျူစောထီး ၁၄ ဦးသည် ကင်းလှည့်ရန် ရွာ၏ အနောက်ဘက်သို့ ထွက်ခွာလာစဉ် ရှေ့ပြေးပွိုင့် ၂ ဦးဖြစ်သော ပျူမောင်ချင်းနှင့် ဦးဝင်းမှာ စလစ်မိုင်း ၂ လုံးတွဲမိပြီး သေဆုံးသွားကြောင်း၊ ဇီးဖြူကုန်းရွာ ပျူစခန်းတွင် ပျူစောထီး ၅၀ နှင့် အကြမ် ဖက်စစ်သား ၄၀ ခန့်ရှိကြောင်း သိရသည်။

“မောင်းချင်းနဲ့ ဦးဝင်းဆိုတာ အတည်ပြုထားတယ်၊ ဇီးဖြူကုန်းရွာရဲ့ အနောက်ဘက်မှာပါ၊ တိုက်မိုင်းဆို တော့ ရှေ့ပွိုင့်က ၂ ကောင်ပဲမိသွားတာ၊ ကျန်တဲ့ကောင်တွေ မထိဘူးဗျ၊ မိုင်းမိပြီးတော့ အလောင်းတွေ သယ်ပြီး ပျူရွာထဲကို ပြန်ဝင်သွားပါတယ်” ဟု Royal Eagle People Defense Forec – Pale Battailin – 1 မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာရှိ ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Chindwin Toe Na Yar PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၄ ရက်နေ့ နံနက် အစောပိုင်း ၁၂ နာရီ မှ ၃ နာရီ အထိ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာရှိ ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက ၆၀ မမ၊ ၈၀ မမ၊ ၉၀ မမ လက်နက်ကြီးများ၊ တစ်ဖက်ပွင့်ပြောင်းတိုက်များ၊လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Chindwin Toe Na Yar PDF၊ ယင်းမာပင်တပ်ရင်း၂၉၊ စွန်ရဲ၊ CGRF၊ ဗျတ္တညီနောင်၊ သခင်ဒေါင်းညို၊ JHRF နှင့် ShreToe တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article