29 C
Yangon

ပေါက်-ပခုက္ကူ လမ်းပိုင်းတွင် စစ်တပ် ယာဥ်တန်းကို တိုက်ခိုက်မှု စစ်ကား ၁၀ စီး ထိခိုက်ပျက်စီး၊ ဝက်လက်တွင် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး

Must read

ပေါက်-ပခုက္ကူ လမ်းပိုင်းတွင် စစ်တပ် ယာဥ်တန်းကို တိုက်ခိုက်မှု စစ်ကား ၁၀ စီး ထိခိုက်ပျက်စီး၊ ဝက်လက်တွင် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၆

မကွေးတိုင်း၊ ပေါက်မြို့မှ ပခုက္ကူမြို့သို့ ရိက္ခာသယ်ရန်လာသော အကြမ်းဖက်စစ်ယာဉ်တန်းနှင့် လုံခြုံရေး ယူပေးသော ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား ၁၀ စီးခန့်ထိခိုက်ပျက်စီး ခဲ့ကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PPDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၅ ရက်နေ့က ညနေ ၃ နာရီခန့်က ပေါက်မြို့မှ ပခုက္ကူမြို့သို့ ရိက္ခာထုတ်ယူရန် ကား အစီး ၃၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်သားများနှင့် ယင်းယာဉ်တန်းကို လုံခြုံရေးယူပေးနေ သော ပျူစောထီးများကို ပေါက်-ပခုက္ကူလမ်းပိုင်းတွင် ပဒေသာမိုင်း ၇ လုံး ပွိုင့် ၃ ခုဖြင့် လည်းကောင်း၊ အီနာဂါဗုံးသီး ၁၃ လုံးဖြင့် လည်းကောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကား ၁၀ စီးလောက်တော့ ထိတယ်၊ မိုင်းဆွဲတာက ၆ စီးနဲ့ အီနာဂါနဲ့ချတာက ၄ စီးထိတာ၊ ဒရုန်းနဲ့ချ တာက ကားတန်းရော၊ လမ်းဘေးမှာ လုံခြုံရေးယူပေးနေတဲ့ ပျူတွေရောချခဲ့တာ၊ စစ်ခွေးတွေ ထိခိုက် သေဆုံးမှုရှိတယ်၊ အတိအကျသိရဖို့ စုံစမ်းနေပါတယ်၊” ဟု ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PPDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PPDF ရဲဘော်များက တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကျောက်မြောင်းမြို့နယ်အတွင်းမှ ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင် ရောက် လာ သော အကြမ်းဖက်စစ်သားများကို ၃ ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း လျှပ်စီး ပြောက်ကျားတပ်ဖွဲ့- ဝက်လက်မြို့နယ်ထံမှ သိရသည်။

မေ ၃၀ ရက် နေ့လည် ၂ နာရီ ခွဲ ခန့်က ကျောက်မြောင်းမြိုနယ်၊ ရွှေကျင်ကျေးရွာမှ ဝက်လက်မြိုနယ် ထနောင်းသာ ကျေးရွာသို့ အင်အား ၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို ထနောင်းသာကျေးရွာ အ ရှေ့ဘက်အရောက် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး စခန်း သာကျေးရွာ အနီးအရောက် တိုက်မိုင်းထပ်မိ၍ စစ်သား ၂ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ဇွန် ၁ ရက် နေ့တွင် ဝက်လက်မြိုတွင်းမှ အင်အား ၅၀ ခန့်ဖြင့် ထွက်လာသော စစ်ကြောင်း နှင့် ကျောက်မြောင်းမြိုနယ် ဘက်မှ ထွက်လာသော စစ်ကြောင်းတို့ ပူးပေါင်းပြီး ဝက်လက်မြို့နယ်၊ ဆင် နင်းကျေးရွာ အရှေ့၌ ရှေ့ကင်းပုန်း ထွက်လာ သော အကြမ်းဖက်စစ်သား ၂၀ ခန့်ကို ထပ်မံ တိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ယင်းအကြမ်းဖက်စစ်ကြောင်းသည် ဝက်လက်မြိုနယ် ၊အင်းဘဲ ကြီးကျေးရွာနှင့် ညောင်ကန်ကျေးရွာ တို့ တွင် ညအိပ်တပ်စွဲပြီးနောက် ဇွန်လ ၃ ရက် နံနက် ၈ နာရီခန့်တွင် တောင်ကုန်းကျေးရွာ အရှေ့ဘက်မှ စစ်ကြောင်းလာသဖြင့် အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးအပြင်းအထန်ဒဏ်ရာ ရရှိပြီး နဘဲပင်လှရွာကို ဝင်ရောက် မီးရှိ ဖျက်စီးကာ စစ်ကိုင်းမြိုနယ် စဉ့်ကိုင် ကျေးရွာနှင့် တလိုင်းရွာ ဘက်သို ဆက်လက်စစ်ကြောင်းထိုးသွားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို လျှပ်စီး ပြောက်ကျားတပ်ဖွဲ(ဝက်လက်)၊ People’s Servant revolution (wetlet)၊ နတ် တောင်နဂါးပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့၊ စဉ့်ကူးမြိုနယ် (ပ.က.ဖ)၊ ဝက်လက်မြိုနယ် (ပ.က.ဖ)နှင့် ရွှေဘိုခရိုင် အမှတ် (၂၃) တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article