37 C
Yangon

ပြည်သူလူထုက သတင်းအမှားများကို ယုံကြည်သက်ဝင်နေပြီး မီဒီယာများကြောင့် မြန်မာနိုင်ငံ၏ အခြေအနေ တည်ငြိမ်မှု ရရန် ခက်ခဲနေဟု စစ်ကောင်စီ ဝန်ကြီး မောင်မောင်အုန်းပြောဆို

Must read

ပြည်သူလူထုက သတင်းအမှားများကို ယုံကြည်သက်ဝင်နေပြီး မီဒီယာများကြောင့် မြန်မာနိုင်ငံ၏ အခြေအနေ တည်ငြိမ်မှု ရရန် ခက်ခဲနေဟု စစ်ကောင်စီ ဝန်ကြီး မောင်မောင်အုန်းပြောဆို

■ Facebook ကို တန်ပြန်နိုင်ရေး Telegram နှင့် TitTok ကို စစ်တပ်က သုံးနေရဟုဆို

ရန်ကုန်၊ ဇွန် ၄

မြန်မာနိုင်ငံတွင် ပြည်သူလူထုအနေဖြင့် သတင်းအမှားများကို ယုံကြည်သက်ဝင်နေပြီး မီဒီယာများကြောင့် နိုင်ငံ၏ အခြေအနေမှာ တည်ငြိမ်မှု ရရန် ခက်ခဲနေကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေး ဝန်ကြီး မောင်မောင်အုန်းပြောဆိုလိုက်သည်။

အင်ဒိုနီးရှား ရုပ်မြင်သံကြားဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် စစ်ကောင်စီဝန်ကြီး မောင်မောင်အုန်းက အထက်ပါ အတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

“မီဒီယာကြောင့် ကျနော်တို့နိုင်ငံရဲ့ အနေအထားက တည်ငြိမ်မှု ကို ခက်ခက်ခဲခဲ ဆောင်ရွက်နေရတဲ့ အနေအထားဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံမှာ သတင်းတု သတင်းအမှားတွေကြောင့် ဖုံးလွှမ်းနေပြီးတော့မှ ကျနော်တို့ ရဲ့ ပြည်သူ လူထုကလည်း သတင်းအတု သတင်းအမှားတွေအပေါ်မှာ ယုံကြည်သက်ဝင်နေပြီးတော့မှ သူတို့စိတ်ဆန္ဒတွေက သတင်းအမှားတွေပေါ်မှာပဲ အမှောင်ဖုံးလွှမ်းနေတာကို တွေ့ရတယ်။ နိုင်ငံတော်မီဒီယာအနေနဲ့ သတင်းအမှန်တွေကို အချိန်နဲ့ တပြေးညီ ဖြန့်ချိလျက်ရှိတယ်။ MRTV ရှိမယ်။ အွန်လိုင်းမှာလည်း အင်တာနက်သုံးပြီးတော့မှ သတင်းအမှန်တွေကို အမြဲတမ်း Public ကို သိအောင်လို့ ချပြလေ့ရှိတယ်။ ဒါပေမယ့် ဝမ်းနည်းဖွယ်ရာ ကောင်းတာက ကျနော်တို့က မီဒီယာအနိုင်ကျင့် ခြင်းခံရတယ်လို့ ပြောရမလားမသိပါဘူး။ ဖေ့ဘုတ်စ်မှာဆိုရင်တော့ MRTV Followers များတော့ ဖေ့ဘုတ်စ်ကနေ ဖယ်ရှားခြင်း ခံရပါတယ်။ သတင်းအတု သတင်းအမှားတွေ ဖော်ပြတဲ့ မီဒီယာတွေကတော့ တစ်ခါမှ ဖယ်ရှားခြင်းမခံရပါဘူး။ ကျနော်တို့ကို ချောက်ထဲတွန်းချသလို ခံစားရပါတယ်။ သတင်းအမှားတွေကို အမြဲတမ်း ဖေ့ဘုတ်စ်မှာ အမြဲတမ်းတွေ့ရတဲ့အခါကျတော့ Public အနေနဲ့ကလည်း သတင်းအမှားကို တွေ့ပါများတော့ အမှန်လို့ထင်ပြီးတော့ အခုအချိန်အထိ ဒီပြဿနာကိုဖြေရှင်းတာကို တော်တော်ကို ဆောင်ရွက်နေရပါတယ်” ဟု မောင်မောင်အုန်းက ပြောဆိုသည်။

ထို့ပြင် ဖေ့ဘုတ်စ်သည် တရားမျှ တမှုမရှိကြောင်း၊ ဖေ့ဘုတ်စ်ကို တန်ပြနိုင်ရေး တစ်တော့နှင့် တယ်လီဂရမ်ကို သုံးနေရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ဖေ့ဘုတ်စ်ဆိုရင် တရားမျှတမှုရှိဖို့လိုပါတယ်။ နိုင်ငံတော်မီဒီယာသတင်းတွေကို ဖြုတ်ချပြီးတော့ တစ်ဖက်က သတင်းအမှားတွေကိုတော့ ဖြုတ်မချခြင်းသည် ဘက်လိုက်တယ်လို့ ခံစားရတယ်။ မီဒီယာအနိုင်ကျင့်ခြင်းကို လုပ်တယ်လို့ခံစားရပါတယ်။ ဖေ့ဘုတ်စ် သုံးတဲ့ ပြည်သူတွေကိုလည်း သတင်းအမှားတွေ တတ်နိုင်သမျှ လျှော့ပါးအောင် ကျနော်တို့ဘက်ကတော့ တယ်လီဂရမ်တို့ တစ်တော့တို့ကတစ်ဆင့် Public ကို အွန်လိုင်းနည်းလမ်းကတစ်ဆင့် ထဲထဲဝင်ဝင် စီမံဆောင်ရွက်လျက်ရှိပါတယ်” ဟု ၎င်းက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီလက်ထက်တွင် သတင်းသမား ၁၀၀ ကျော် အဖမ်းခံရခဲ့ပြီး သတင်းဌာန ၂၀ နီးပါး၏ လိုင်စင်များကို စစ်တပ်က ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။

ဓာတ်ပုံ- စစ်ကောင်စီ ပြန်ကြားရေး ဝန်ကြီး မောင်မောင်အုန်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article