36 C
Yangon

ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး) စစ်ဆင်ရေးနှင့် စုဖွဲ့မှုတာဝန်ခံ ကိုမုန်တိုင်းနှင့် တွေ့ဆုံမေးမြန်းခြင်း

Must read

“မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့နဲ့ အင်မတန်မှ နီးကပ်တဲ့ ဆက်ဆံရေးရှိပါတယ်။ သူတို့ရဲ့ ကူညီပံ့ပို့းမှုတွေသာ မရှိဘူးဆိုရင် MDY PDF အနေနဲ့ ရက် ၂၀ကျော်ကြာတဲ့ သမရိုးကျတိုက်ပွဲမှာ လေယာဉ် တရစပ် အကြိမ် လေးဆယ်ကျော် ပစ်ခတ်တိုက်ခိုက်တာတွေ လက်နက်ကြီးတွေကို မိုးရွာသလို တစ်မိနစ်တစ်လုံးပစ်ခတ် တာမျိုးတွေကို ဘတပြန်ကျားတပြန် တိုက်နိုင်မှာမဟုတ်ဘူး”

ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး) စစ်ဆင်ရေးနှင့် စုဖွဲ့မှုတာဝန်ခံ ကိုမုန်တိုင်းနှင့် တွေ့ဆုံမေးမြန်းခြင်း

By ရန်ကုန်ခေတ်သစ်

စစ်အာဏာရှင်ကျဆုံးရေး ဆန့်ကျင်ဆန္ဒပြတဲ့သပိတ်တိုက်ပွဲတွေကို ထိပ်ဆုံးကနေ အင်အားကောင်းကောင်းနဲ့ လုပ်ဆောင်ခဲ့တဲ့ မန္တလေးက သပိတ်အင်အားစုလူငယ်တွေဟာ အခုဆိုရင် စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန်နေပြီဖြစ်ပါတယ်။

တပ်သားပေါင်းများစွာနဲ့ စုဖွဲ့မှု အားကောင်းခိုင်မာစွာနဲ့ ဖွဲ့စည်းတည်ထောင် ထားတဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး) အဖြစ်နဲ့ အကြမ်းဖက်စစ်တပ်ကို ကြံကြံခံတော်လှန် နေတာ ၂နှစ်ကျော်လာ ပြီဖြစ်ပါတယ်။

မန္တလေးမြို့ကို ပြည်သူတွေ ပြန်ရဖို့အတွက် လူငယ်တွေဟာ အသက်ကို စွန့်ပြီး ရှေ့တန်းကနေ ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်နေတာလည်းဖြစ်ပါတယ်။

မန္တလေးမြို့ကို ပြည်သူတွေ ပြန်ရပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပြည်တော်ပြန်ဝင်နိုင်ရေး စစ်ဆင်ရေး ကြီးတွေအတွက် လိုအပ်တဲ့လက်နက်ခဲယမ်းတွေ ဖြည့်တင်းနိုင်ရေး လုပ်ဆောင်နေတဲ့ ပြည်တော်ဝင် ပရောဂျက်အကြောင်းအပါအဝင် စစ်ဆင်ရေးအခြေအနေတွေကို သိရအောင် ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး) စစ်ဆင်ရေးနဲ့ စုဖွဲ့မှုတာဝန်ခံကိုမုန်တိုင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article