38 C
Yangon

ဖယ်ခုံမြို့နယ်တွင် ခမရ ၅၃၀ မှ လက်နက်မဲ့ ထွက်ပြေးလာသည့် စစ်သား ၃ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးနေ

Must read

ဖယ်ခုံမြို့နယ်တွင် ခမရ ၅၃၀ မှ လက်နက်မဲ့ ထွက်ပြေးလာသည့် စစ်သား ၃ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးနေ

ရန်ကုန်၊ ဇွန် ၃

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် ခမရ ၅၃၀ တပ်မှ လက်နက်မဲ့ ထွက်ပြေးလာသည့် စစ်သား ၃ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးနေမှုများ ပြုလုပ်နေကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဇွန်လ ၃ ရက်နေ့၊ နံနက် ၁၁ နာရီခန့်တွင် ဖယ်ခုံမြို့နယ်၊ ရွှေဆန်းကျေးရွာအနီးတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) လက်အောက်ခံ၊ လွိုင်လင်လေးအခြေစိုက် အမှတ် ၅၃၀ ခြေမြန်တပ်ရင်းမှ စစ်သား ၃ ဦးသည် လက်နက်မပါဘဲ ထွက်ပြေးလာသောကြောင့် ဖယ်ခုံအခြေစိုက်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁၀၀၆ တပ်ရင်းမှ ဖမ်းဆီး ထိန်းသိမ်းထားပြီး မေးမြန်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် အကြမ်းဖက် စစ်တပ်သည် ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ကရင်နီ (ကယား) ပြည်နယ်ကို လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ကူ အလွန်အကျွံ လုပ်ဆောင်နေပြီး အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင် နေသော်လည်း ထိခိုက်ကျဆုံးမှုများစွာဖြင့် အထိနာလျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်သည် နိုင်ငံအဝန်း စစ်မျက်နှာများစွာ ဖွင့်ထားရပြီး လက်ရှိအခြေအနေတွင် နယ်မြေများကို ထိန်းချုပ်နိုင်စွမ်း မရှိတော့သည်ကို‌ တွေ့ရကြောင်း၊ ရှေ့တန်း စစ်မျက်နှာများတွင် ထိခိုက် ကျဆုံးမှု များခြင်း၊ အနားမရခြင်း၊ နောက်တန်းဌာနချုပ်များတွင်ပါ လုံခြုံမှုမရှိခြင်း အစရှိသည်တို့ကြောင့် အကြမ်းဖက်စစ်တပ် တပ်ဖွဲ့ဝင်များသည် တိုက်လိုခိုက်လိုစိတ် လွန်စွာလျော့နည်းလာလျက်ရှိပြီး တပ်ကိုစွန့်ခွာထွက်ပြေးမှုများမှာလည်း နေ့စဉ်များပြားလျက်ရှိကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF ၊ စစ်ရုံးချုပ် ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article