27 C
Yangon

ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရ

Must read

ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၂

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာကို စစ်တပ်က ညအချိန် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦးဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဇွန်လ ၁ ရက်နေ့ ည ၁၀ နာရီအချိန် ဘီးလင်းမြို့နယ် ဇီးဝန်းရှိ စစ်ကောင်စီတပ်၏ အမြောက်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပြည်သူများနေထိုင်သော ကျေးရွာများကို ဦးတည်၍ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“လူသေဆုံးမှုတော့မရှိဘူး။ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် ပုပုမှာ လက်ချောင်း ၂ ချောင်း လက်နက်ကြီးအစ ထိမှန်ကြောင်း၊ အရပ်သားပြည်သူ ဒေါ်နော်မှာ ဦးခေါင်းကွဲသွားကြောင်း၊ ဒေါ်နောဂီက လက်နက်ကြီးအစ ကျောကုန်းကို ထိမှန်ကြောင်း၊ ဒေါ်နောဂီ၏ သားမှာ ခြေထောက်ဒူးဇစ်အောက်ပိုင်းကို လက်နက်ကြီးအစ ထိမှန်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article