36 C
Yangon

ဘုတလင်၊ မြို့ပေါ်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းမှု ပြည်သူ ၁ ဦး ကျည်ထိမှန်ကာ ပြည်သူအများအပြား ဖမ်းဆီးခံရ

Must read

ဘုတလင်၊ မြို့ပေါ်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းမှု ပြည်သူ ၁ ဦး ကျည်ထိမှန်ကာ ပြည်သူအများအပြား ဖမ်းဆီးခံရ

ရန်ကုန်၊ ဇွန် ၂

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မြို့ပေါ်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းမှု ပြည်သူ ၁ ဦး ကျည်ထိမှန်ကာ ပြည်သူအများအပြား ဖမ်းဆီးခံထားရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က ဘုတလင်မြို့နယ် မြို့ပေါ်ကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ကာ ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာအတွင်း သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့သောကြောင့် ကျေးရွာနေ ပြည်သူ ဦးဝင်းမင်းဆန်း ကျည်ထိမှန်ကာ ကျေးရွာအတွင်း၌ ပြည်သူ အများအပြား ဖမ်းဆီးခံထားရကြောင်းသိရသည်။

” နံနက်ခင်းပိုင်းကနေစပြီး လက်နက်ကြီးနဲ့ ရွာရဲ့ အနောက်ဖက်ခြမ်း တောင်ဖက်ခြမ်း မြောက်ဖက်ခြမ်းတွေကနေ ပစ်ခတ်ပြီး စီးနင်းထားပါတယ်။ သေနတ်ကျည် ၁ ဦးထိမှန်ထားပြီးတော့ အများအပြားလည်း အဖမ်းခံထားရပါတယ်။ နယုန်လ ဘုရားပွဲနေ့ကြီးမှာ ဖြစ်တဲ့အတွက်ကြောင့် ရွာသူရွာသားတွေမှာ ဘာမှမယူနိုင်ဘဲ ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေရပါတယ်။ အဖမ်းဆီးခံထားရတဲ့ ဦးရေတော့ အတိအကျ မပြောနိုင်ဘူး။ အလစ်အငိုက်မိသွားတဲ့အတွက် များနိုင်ပါတယ်” ဟု ပြည်သူတစ်ဦးကပြောဆိုသည်။

မြို့ပေါ်ရွာကို အကြမ်းဖက် စစ်တပ်က ၃ နေရာခွဲ၍ ဝင်ရောက် စီးနင်းခဲ့ခြင်း​ဖြစ်ပြီး အင်အား ၂၀၀ ခန့်ပါဝင်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article