27 C
Yangon

မင်းတပ်တွင် တပ်ချိန်းရန် လုပ်ဆောင်နေသော စစ်သားများကို တိုက်ခိုက်မှု ၅ ဦးသေဆုံးပြီး ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု စစ်တပ် လက်နက်ကြီးစခန်းကုန်း ပျက်စီး

Must read

မင်းတပ်တွင် တပ်ချိန်းရန် လုပ်ဆောင်နေသော စစ်သားများကို တိုက်ခိုက်မှု ၅ ဦးသေဆုံးပြီး ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု စစ်တပ် လက်နက်ကြီးစခန်းကုန်း ပျက်စီး

ရန်ကုန်၊ ဇွန် ၄

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း တပ်အချိန်းအပြောင်းလုပ်နေသော အကြမ်းဖက် စစ်သားများကို တိုက်ခိုက်ခဲ့ရာ ၅ ဦးသေဆုံးကြောင်း Chin Defence Force – Mindat ထံမှ သိရသည်။

မေလ ၂၈ ရက်နေ့ တွင် တပ်ချိန်းပြောင်းရန် လုပ်ဆောင်နေသည့် အကြမ်းဖက်စစ်တပ်ကို ပဒေသာမိုင်း များဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား အများအပြား ထိခိုက် သေဆုံးများမှု ရှိခဲ့ကြောင်း၊ မေလ ၂၉ ရက် နေ့ မွန်းလွဲ ၂ နာရီခန့်တွင် မိနစ် ၃၀ ကြာ မီတာ ၂၀ အတွင်း အနီးကပ် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ ရာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးပြီး CDF – Mindat မှ ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

ထို့အပြင် မေလ ၃၀ ရက်နံနက် ၇ နာရီခန့်တွင် မကွေးတိုင်း၊ ကျောက်ထုမြို့ဘက်မှ ဆင်းလာသည့် အကြမ်းဖက်စစ်တပ်ကို CDF – Mindat မှ ခုခံတိုက်ခိုက်ခဲ့ကြောင်း၊ မင်းတပ်မြို့ရှိ အကြမ်းဖက်စစ်တပ် ခလရ ၂၇၄ တပ်မှ မင်းတပ်မြို့နောက်ဘက်သို့ လက်နက်ကြီး ၃ ချက် ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ၄ မိုင်ရှိ အကြမ်းဖက်စစ်တပ် လက်နက်ကြီး အထိုင်စခန်းကို ရော့ကတ်ဒုံးတစ်လုံးဖြင့် တုံပြန်တိုက်ခိုက်ခဲ့ရာ စခန်းကုန်းထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။

အကြမ်းဖက်စစ်တပ်မှ ကြမ်းတမ်းယုတ်မာစွာ ပြည်သူလူထုအပေါ် ပြုမူနေမှုများကို ပြန်လည် တုံ့ပြန် တိုက်ခိုက်နိုင်ရန် CDF – Mindat မှ ပြုလုပ်နေသော “အားယူထပျံ အောက်ချင်းအားမာန်” ကမ်းပိန်းကို မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်း ကူညီပေးကြပါရန် CDF – Mindat မှ မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article