38 C
Yangon

မန္တလေးမြို့ပေါ်၌ ထိရောက်သော စစ်ဆင်ရေးများ ပိုမို လုပ်ဆောင်နိုင်ရန် “အာကာရန်ကိုခွင်း ရန်စွယ်ကိုရှင်း” RPG 7 ကမ်ပိန်း ပြုလုပ်

Must read

မန္တလေးမြို့ပေါ်၌ ထိရောက်သော စစ်ဆင်ရေးများ ပိုမို လုပ်ဆောင်နိုင်ရန် “အာကာရန်ကိုခွင်း ရန်စွယ်ကိုရှင်း” RPG 7 ကမ်ပိန်း ပြုလုပ်

ရန်ကုန်၊ ဇွန် ၂

မန္တလေးမြို့ပေါ်၌ ထိရောက်သော စစ်ဆင်ရေးများ ပိုမို လုပ်ဆောင်နိုင်ရန် “အာကာရန်ကိုခွင်း ရန်စွယ်ကိုရှင်း” RPG 7 ကမ်ပိန်း ပြုလုပ်လျက်ရှိကြောင်း နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့မှ ဗိုလ်နတ်ဆိုးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နတ်ဆိုးမြေအောက် တော်လှန်ရေးတပ်ဖွဲ့သည် နောက်တစ်ဆင့်မြှင့်တင်၍ လုံခြုံရေး တင်းကြပ်ပြီး ပြည်သူများ အားနည်းမျိုးစုံ ပုံသဏ္ဍန်မျိုးစုံဖြင့် ဖိနှိပ်နေသော မန္တလေးမြို့ပြကို အခက်အခဲမျိုးစုံကြားမှ ဝင်ရောက်တိုက်ခိုက်နေပြီး မြို့ပြစစ်ဆင်ရေးကို ပိုမို ထိရောက် ပိုမိုအားမြှင့်ရန် ကမ်ပိန်း တစ်ခု ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကမ်ပိန်း အမည်ကို “အကာရန်ကိုခွင်း ရန်စွယ်ကိုရှင်း” ဟု အမည်ပေးထားပြီး ပြည်တွင်းပြည်ပမှ စစ်အာဏာရှင်ကို မုန်းတီးသူမလိုလားသူ UG ရဲဘော်များရဲ့ စွန့်လွှတ် အနစ်အနာခံပေးဆပ်မှုကို ကိုယ်ချင်းစာနားလည်ပေးသူမိဘပြည်သူများအနေဖြင့် နတ်ဆိုး မြေအောက်တော်လှန်တပ်ဖွဲ့၏ အားမြှင့်တိုက်ခိုက်လျက်ရှိနေသော မြို့ပြ စစ်ဆင်ရေးများကို ပိုမိုအားမြှင့်နိုင်ရန်အတွက် RPG 7 တစ်လက်အတွက် စုပေါင်းအားဖြင့် ပါဝင်ကူညီပေးကြရန် မေတ္တာရပ်ခံ တောင်းဆိုကြောင်း ဗိုလ်နတ်ဆိုးက ပြောဆိုသည်။

“တိုက်ခိုက်တဲ့ လုပ်ဆောင်မှု တစ်ခုချင်းစီမှာ ရဲဘော်များရဲ့အသက်ကို ရှေးဦးစွာ ရင်းနှီးပြီး ဝင်ရောက်တိုက်ခိုက်နေရခြင်းပဲဖြစ်ပါတယ်။ အရှေ့မှာ တိုက်ခိုက်ခဲ့သည့် ပွဲများမှာ အကြမ်းဖက် စစ်တပ်ရဲ့ မန္တလေးမြို့ အလည်ခေါင်ရှိ အထိုင်တပ်မကြီးပေါ်ကို ထိရောက်စွာ တိုက်ခိုက်ထားနိုင်ခဲ့ပါတယ်။ နောက်ထပ်တစ်ကြိမ်လဲလုံခြုံရေးထူထပ်ခိုင်မာစွာဆောက်လုပ်ထားသည့် အမှတ် ၁ ရဲစခန်းကိုလဲတိုက်ခိုက်ထားနိုင်ခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုတွေမှာ အသုံးပြုထားတဲ့ လက်နက်က ထိရောက်မှု ရှိပေမယ့် ကျွန်တော်တို့ရင်းနှီးပေးဆပ် ထားတာနဲ့ရှင်နှိုင်းလိုက်ရင် အားမရဖြစ်နေတဲ့အတွက် မြို့ပြ စစ်ဆင်ရေးကို ပိုမို ထိရောက် ပိုမိုအားမြှင့်ရန် ကမ်ပိန်း တစ်ခု ပြုလုပ်ခြင်းဖြစ်တယ်” ဟု ဗိုလ်နတ်ဆိုးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article