32.1 C
Yangon

မိုင်းလားတွင် တရုတ်၏ ညှိနှိုင်းပေးမှုဖြင့် ကျင်းပနေသော စစ်ကောင်စီနှင့် မြောက် ပိုင်းမဟာမိတ် ၃ ဖွဲ့ ဆွေးနွေးပွဲ ဒုတိယနေ့တွင် ပြဿနာတက်သဖြင့် ရပ်နား

Must read

မိုင်းလားတွင် တရုတ်၏ ညှိနှိုင်းပေးမှုဖြင့် ကျင်းပနေသော စစ်ကောင်စီနှင့် မြောက် ပိုင်းမဟာမိတ် ၃ ဖွဲ့ ဆွေးနွေးပွဲ ဒုတိယနေ့တွင် ပြဿနာတက်သဖြင့် ရပ်နား

ရန်ကုန်၊ ဇွန် ၃

ရှမ်းပြည်နယ်၊မိုင်းလားတွင် တရုတ်သံတမန်၏ညှိနှိုင်းပေးမှုဖြင့် စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့တို့အကြား ဆွေးနွေးပွဲသည် ဒုတိယနေ့တွင် နိုင်ငံရေး သဘောတူညီချက်မရဘဲ ရပ်နားလိုက်ရ ကြောင်း အဆိုပါ ဆွေး နွေးပွဲ တက်ရောက်နေသော ကိုယ်စား လှယ်တချို့ထံမှ သိရှိရသည်။

ဇွန်လ ၁ ရက်နေ့ မှ ဇွန်လ ၃ ရက်နေ့ အထိ ပြုလုပ်ရန် စီစဉ်ထားခဲ့သော ဆွေး နွေးပွဲသည် ဇွန်လ ၂ ရက်နေ့တွင် ပြဿနာတက်၍ ရပ်နားလိုက်ရခြင်းဖြစ် ကြောင်း၊ စစ်ကောင်စီဘက်က နိုင်ငံရေးကိစ္စများကို ဆွေးနွေးလိုသော်လည်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က မဆွေးနွေးလိုသည့် ပြဿနာကြောင့် ဆွေးနွေးပွဲရပ်နားလိုက်ရ ကြောင်းဆွေးနွေးပွဲတွင် ပါဝင်သူခေါင်းဆောင်တချို့ထံမှ သိရှိရသည်။

ထို့ကြောင့် ၃ ရက်တာ ကျင်းပရန် ပြင်ဆင်ထားသောဆွေးနွေးပွဲသည် ဒုတိယနေ့တွင် လုံး၀ ပျက်ပြယ်သွားပြီး မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဘက်က ဖမ်းဆီးထားသော အကျဉ်းသားများအားလုံး လွှတ်ပေးရေး၊ မတရားအသင်း သတ်မှတ်ထားမှု ပယ်ဖျက်ရေးနှင့် မိုခါ ဆိုင်ကလုန်း မုန်တိုင်းကူညီကယ်ဆယ်ရေးလုပ်ငန်း အတွက်သာ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့က ဆွေးနွေးပြောဆိုကြောင်း သိရှိရသည်။

ဇွန်လ ၁ ရက်နေ့ ဆွေးနွေးပွဲတွင် ညီနောင်သုံးဖွဲ့မဟာမိတ် သုံးဖွဲ့ ၏ အဓိကဆွေး‌နွေးချက်မှာ ဖမ်းဆီးခံထားရသူများ ပြန်လွှတ်ပေးရေး မတရားအသင်းမှ ပယ်ဖျက်ပေးရေးနှင့် လက်ရှိ ရခိုင်ပြည်တွင်းတွင် မိုခါ မုန်တိုင်းဒဏ်ခံနေရသော ပြည်သူများကို အကူအညီများ အမြန်ဆုံးရရှိရေး စသည့်များကို ဆွေးနွေးခဲ့ကြောင့် ရက္ခိုင့်တပ်တော်၏ ပြောရေးဆိုခွင့် ရှိသူ ဦးခိုင်သုခက ပြောဆိုခဲ့သည်။

“ကျနော်တို့ဘက်က ပြောတာက ဖမ်းဆီးခံရတဲ့သူတွေ ပြန်လွှတ်ပေးဖို့ရယ်။ နောက်ပြီး မတရားအသင်းကနေ ပယ်ဖျက်ပေးဖို့ရယ်။ နောက်တစ်ခုကတော့ လက်ရှိ ရခိုင်ပြည်အတွင်းမှာ မုန်တိုင်းသင့် ပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို အချိန်မီ ရောက်ရှိစေရေး။ ဆိုလိုတာ ဒီအကူညီတွေကို အတားအဆီးမရှိ ခွင့်ပြုပေးဖို့ ဒါတွေကို ဆွေးနွေးပါတယ် “ဟုပြောသည်။

စစ်ကောင်စီ၏ ဆွေးနွေးချက်ထဲတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေး၊ ပါတီစုံဒီမိုကရေစီ နိုင်ငံရေး၊ ငြိမ်းချမ်းရေး အကောင်အထည်ဖော်ရေးစသည့် အချက်များပါဝင်ကြောင်း ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့် ရှိသူ ဦးခိုင်သုခ က ဆက်ပြောသည်။

“သူတို့ဖက်က ပြောလာတဲ့အချက်တွေပေါ့နော်။ အထူးဖြင့်ကတော့ ပါတီစုံဒီမိုကရေစီ၊ နိုင်ငံရေးဆွေးနွေးခိုင်မာရေးကိစ္စ၊ ဒီမိုကရေစီနဲ့ ဖယ်ဒရေအခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးကိစ္စ၊ နောက် ပြည်ထောင်စုတည်ဆောက်ရေးဖွံ့ဖြိုးရေး လက်တွဲပြီး လုပ်ဆောင်မယ့်ကိစ္စပေါ့၊ ယုံကြည်မှုတည်ဆောက်ရေးကိစ္စတွေပေါ့နော်။ အဲ့ဒါတွေကို သူတို့ဖကက အဓိက ထားပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြခဲ့တာရှိတယ်။ ယုံကြည်မှု တည်ဆောက်ရေးကတော့အချိန်ယူပြီးတော့ သွားရမယ့်ကိစ္စပေါ့။ မယုံကြည်လို့ဘဲ တစ်ဖက်တစ်ဖက် အခုလိုအနေအထားမျိုးဖြစ်နေတာပေါ့။ ကျနော်တို့ဖက်ကတော့ အပြန်အလှန် ဆွေးနွေးတာကတော့ မရှိပါဘူး။ သူတို့ပြောတာကို ကျနော်တို့ နားထောင်တယ်။ ပြီးတော့ပြန်လာတဲ့ သဘောပါပဲ “ဟုပြောသည်။

(Western News နှင့် ရန်ကုန်ခေတ်သစ် ပူးတွဲရေးသားသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article