28 C
Yangon

မိုးညှင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး PDF ရဲဘော် ၁ ဦးကျဆုံး၊ ရေးမြို့နယ်တွင် ပြည်သူ့စစ် အဖွဲ့ဝင် ၁ ဦးပစ်ခတ် ခံရပြီး သေဆုံး

Must read

မိုးညှင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး PDF ရဲဘော် ၁ ဦးကျဆုံး၊ ရေးမြို့နယ်တွင် ပြည်သူ့စစ် အဖွဲ့ဝင် ၁ ဦးပစ်ခတ် ခံရပြီး သေဆုံး

ရန်ကုန်၊ ဇွန် ၂

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်ကွယ်ကျေးရွာအတွင်းသို့ ပစ်ခတ်ဝင်ရောက်လာသော အကြမ်းဖက် စစ်သားများကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အများအပြားထိခိုက်မှုရှိပြီး မိုးညှင်းတပ်ရင်းမှ ရဲ ဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း မိုးညှင်း – KPDF တပ်ရင်းမှ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

မေလ ၂၉ ရက် နံနက် ၇ နာရီဝန်းကျင်ခန့်က ကွင်းကြီးကျေးရွာဘက်မှ နန့်ရင်းချောင်းအရှေ့ဘက်ရှိ အင်ကွယ်ကျေးရွာအတွင်းသို့ ပစ်ခတ်ဝင်ရောက်လာသော အကြမ်းဖက်စစ်သားများကို KIA၊ မိုးညှင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ K- PDF တပ်ဖွဲ့မှ ခုခံတိုက်ခိုက်ခဲ့ရာ ညနေ ၅ နာရီခန့်အထိ တိုက် ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်သား အများအပြား ထိခိုက်သေဆုံးကာ ပြန်ဆုတ်သွားကြောင်း သိရ သည်။

“ကွင်းကြီးဘက်ကနေ ဝင်လာတာဗျ၊ အင်အားက ရာဂဏန်းအထက်ရှိတယ်၊ ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာ၊ နေအိမ် ၁၀ လုံးအထက် ပျက်စီးသွားတယ်၊ ပြည်သူတွေတော့ ထိခိုက်မှု မရှိပါဘူး၊ အိမ်မွေးတိရစ္ဆာန်တွေတော့ သေဆုံးမှုရှိပါတယ်၊ စစ်ခွေးတွေဘက်ကထိခိုက်မှုတော့ များတယ်၊ လူနာတွေ ဆွဲပြီး ပြန်ဆုတ်သွားရတာပါ” ဟု မိုးညှင်း – KPDF တပ်ရင်းမှ ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။

အဆိုပါတိုက်ပွဲအတွင်း မိုးညှင်း K-PDF တပ်ရင်းမှ ရဲဘော်တစ်ဦးကျဆုံးခဲ့ရပြီး ၃ ဦးအသက်အန္တရာယ် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း၊ မိုးညှင်းဒေသတွင် စစ်ရေးအခြေအနေတင်းမာလျက်ရှိကြောင်း သိရ သည်။

ထို့ပြင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရွှေချောင်းတောင်ကျေးရွာနေ ပြည်သူ့စစ် အဖွဲ့ဝင် ၁ ဦးကို ပစ်ခတ်ရှင်းလင်းပြီး သေနတ်ပါ သိမ်းဆည်း ရရှိခဲ့ကြောင်း ရေးဘီလူး တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ ဇွန်လ ၂ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် ရေးမြို့နယ်၊ ရွှေချောင်းတောင်ကျေးရွာနေ ပြည်သူ့စစ် အဖွဲ့ဝင် ရဲထွန်းဦးသည် ကျေးရွာအတွင်းရှိ ဘိလက်ယက်ခုံမှ ပြန်ထွက်လာစဥ် ရေးဘီလူး တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article