31.9 C
Yangon

မုံရွာမြို့နယ်၊ ရေကန်စုရွာကို စစ်တပ်က စီးနင်းပြီး ကလေးငယ် အပါအ၀င် ပြည်သူ ၆ ဦးကို ပစ်သတ်

Must read

မုံရွာမြို့နယ်၊ ရေကန်စုရွာကို စစ်တပ်က စီးနင်းပြီး ကလေးငယ် အပါအ၀င် ပြည်သူ ၆ ဦးကို ပစ်သတ်

ရန်ကုန်၊ ဇွန် ၈

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ရေကန်စုကျေးရွာ ကို စစ်ကောင်စီတပ်ဖွဲ့က ဇွန် လ၇ ရက်နေ့ နံနက် ၄ နာရီခွဲ၀န်းကျင်မှာ အကြမ်းဖက်ပစ်ခတ်၀င် ရောက်စီးနင်းပြီး ကလေးငယ်တစ်ဦး အပါအ၀င် ရွာခံပြည်သူ ၆ ဦးကိုသတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

အင်အား ၁၀၀ ၀န်းကျင်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ရေကန်စုကျေးရွာကို အကြမ်းဖက်၀င် ရောက်စီးနင်းချိန်မှာ ထွက်ပြေးတိမ်းရှောင်တဲ့ ပြည်သူတချို့ကို ဖမ်းဆီးရိုက်နှက်ပြီး ၆ ဦးကို သတ်ဖြတ်ခဲ့တာလို့ ဒေသခံပြည်သူတစ်ဦးက

ပြောပါတယ်။

” ယောက်ျားလေး ၃ ယောက်၊မိန်းကလေး ၂ ယောက်နဲ့ ကလေး ၁ ယောက် အသတ်ခံရတယ်။ မီးဖွားထားတဲ့ ၅ ရက် ပဲရှိသေးတဲ့ မီးနေသည်လည်း ရိုက်ခံရတယ်။ ကလေးက ဆုံးသွားတယ်”လို့ ရေကန်စုရွာ နဲ့ နီးစပ်တဲ့ပြည်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ရေကန်စုကျေးရွာခံ ပြည်သူနေအိမ်တွေကို ၀င်မွှေလု ယက်တာတွေ ပြုလုပ်ခဲ့သလို ဆိုင်ကယ်တွေလည်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာတော့ ရေကန်စုကျေးရွာစာသင်ကျောင်းအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပြီး လက်လုပ်မိုင်းတွေ၊လက်လုပ်သေနတ်တွေ သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားပေမယ့် ဒေ

သခံပြည်သူတွေကတော့ တိုက်ပွဲဖြစ်တာမရှိ ဘဲ ပစ်ခတ်စီးနင်းပြီး သတ်ဖြတ်သွားတာလို့ပြောပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article