29 C
Yangon

မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်ရှိ CDM မီးရထား လိုင်းခန်းများကို စစ်တပ်က အတင်းအကျပ် ဖယ်ရှားခိုင်း

Must read

မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်ရှိ CDM မီးရထား လိုင်းခန်းများကို စစ်တပ်က အတင်းအကျပ် ဖယ်ရှားခိုင်း

ရန်ကုန်၊ ဇွန် ၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်ရှိ မီးရထားဝင်းမှ CDM မီးရထားဝန်ထမ်း လိုင်းခန်းများကို အကြမ်းဖက် စစ်တပ်က ကျူးကျော်ဟု အမည်တပ်၍ အတင်းအကျပ် ဖယ်ရှားရန် လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ လိုင်းခန်းတွင် နေထိုင်သူ CDM မီးရထားဝန်ထမ်းများကို ဇွန်လ ၁၅ ရက် နောက်ဆုံးထားဖယ်ရှားပေးရန် စာကပ်ထားပြီး လက်ရှိ အချိန်တွင် မီးရထားဝင်းအတွင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အကြမ်းဖက် စစ်ကောင်စီဝင်များမှ စစ်ကားများ ၊ ကတုတ်ကျင်းများ၊ ဘန်ကာများနှင့် အသင့်အနေအထား တည်ဆောက်ထားကြောင်း သိရသည်။

“CDM ဝန်ထမ်းအကုန်ပဲ လိုင်းခန်းအကုန်ပါပဲ ၃၀ ကျော်မယ်။ စာထဲမှာ ၃ ကြိမ်ဖယ်ရှားဖို့ဆိုပြီး ရေးထားပေမယ့် အပြင်မှာ ဖိအားပေးနေတာ ခဏခဏပါပဲ” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ ခြိမ်းခြောက်မှုကြောင့် CDM မီးရထား ဝန်ထမ်း မိသားစုများမှာ နေစရာမဲ့ ခိုကိုးရာမဲ့ဖြစ်ကာ များစွာဆင်းရဲဒုက္ခရောက်လျက်ရှိပြီး အချို့မိသားစုများမှာ ဧရာဝတီ မြစ်ကမ်းဘေးတွင် အမိုးအကာမဲ့ သွားနေရသည်အထိ ဒုက္ခရောက်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article