36 C
Yangon

မြန်မာနိုင်ငံသို့ ဆေးနှင့်ဆေးပစ္စည်းများ ပေးပို့လှူဒါန်းရန် Project C.U.R.E အဖွဲ့နှင့် NUG အစိုးရ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့ တွေ့ဆုံဆွေးနွေး

Must read

မြန်မာနိုင်ငံသို့ ဆေးနှင့်ဆေးပစ္စည်းများ ပေးပို့လှူဒါန်းရန် Project C.U.R.E အဖွဲ့နှင့် NUG အစိုးရ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့ တွေ့ဆုံဆွေးနွေး

ရန်ကုန်၊ ဇွန် ၈

မြန်မာနိုင်ငံသို့ ဆေးနှင့်ဆေးပစ္စည်းများ ပေးပို့လှူဒါန်းရန် အမေရိကန် နိုင်ငံ အခြေစိုက် Project C.U.R.E အဖွဲ့နှင့် NUG အစိုးရ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇွန်လ ၅ ရက်နေ့တွင် အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးသည် အမေရိကန် ပြည်ထောင်စုသို့ ခေတ္တရောက်ရှိနေစဥ် ကိုလိုရာဒိုပြည်နယ်၊ ဒင်းဗားမြို့တော်ရှိ Project C.U.R.E. အပြည်ပြည်ဆိုင်ရာ ဌာနချုပ်ရုံး၌ Project C.U.R.E. မှ President and CEO ဖြစ်သူ Dr. Doug Jackson၊ Vice President များဖြစ်ကြသည့် Kristofer Anderson နှင့် Deborah Johns တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

Project C.U.R.E အဖွဲ့ကြီးသည် နိုင်ငံပေါင်း ၁၃၅ နိုင်ငံကျော်တွင် ကန့်သတ်အရင်းအမြစ်ရှိသည့် ဒေသများမှ လူနာများအတွက် ဆေးနှင့် ဆေးပစ္စည်းများကို ကူညီဖြန့်ဖြူးလှူဒါန်းလျက်ရှိသည့် ကမ္ဘာ့အကြီးဆုံး အဖွဲ့အစည်းကြီးဖြစ်ကြောင်း သိရှိရသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် Project C.U.R.E. တာဝန်ရှိသူများအကြား မြန်မာနိုင်ငံသို့ ဆေးနှင့်ဆေးပစ္စည်း ပေးပို့လှူဒါန်းမည့် လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်နိုင်ရန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း၊ အစည်းဝေးအပြီးတွင် Project C.U.R.E. တာဝန်ရှိသူများက Project C.U.R.E. အလုပ်ရုံအဆောက်အအုံနှင့် လုပ်ငန်းစဉ်များကို ပြည်ထောင်စုဝန်ကြီး သိရှိနားလည်နိုင်အောင် လှည့်လည်၍ အသေးစိတ် ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် မြန်မာပြည်ရှိ တိုင်းရင်းသားလူမျိုးနွယ်ပေါင်းစုံ ဒုက္ခဆင်းရဲခြင်း မြောက်မြားစွာ ကြုံတွေ့ခံစားနေရသည်ကို နားလည်ကိုယ်ချင်းစာနာကြောင်းနှင့် Project C.U.R.E. အနေဖြင့် မြန်မာပြည်သူများကို အတတ်နိုင်ဆုံးကူညီဆောင်ရွက်သွားမည်ဟု President and CEO ဖြစ်သူ Dr. Doug Jackson က ပြောကြားခဲ့ရာ ပြည်ထောင်စုဝန်ကြီးက အထူးဝမ်းမြောက်ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားခဲ့ကြောင်း၊ ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေးတွင် တိုင်ပင်ဆုံးဖြတ်ခဲ့သော လုပ်ငန်းစဉ်များကို ချက်ချင်းအကောင်ထည်ဖော်ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article