37 C
Yangon

မြန်မာ့တော်လှန်ရေး ဘာ့အတွက် တကယ်တိုက်ပွဲဝင်နေသလဲ

Must read

မြန်မာ့တော်လှန်ရေး ဘာ့အတွက် တကယ်တိုက်ပွဲဝင်နေသလဲ

By YINGLAO NOANVO And RADKA ANTALIKOVA

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးမှသည် ဒီမိုကရေစီထောက်ခံရေး၊ ဒီမိုကရေစီ ထောက်ခံရေးမှသည် ဖက်ဒရယ်စနစ် ထောက်ခံရေးအထိ “တော်လှန်ရေး ဖြစ်စဉ်ကြီး တစ်ရပ်လုံး” ၌ မိမိ၏ ရပ်တည်ချက် သဘောထားကို ကျွန်တော်တို့အားလုံး ပြန်လည်စဉ်းစားသုံးသပ်ရန် လိုအပ်လျက်ရှိသည်။

————–

မြန်မာစစ်တပ်က အာဏာသိမ်းယူခဲ့သည်မှာ အချိန်အားဖြင့် နှစ်နှစ်ကျော် ကြာမြင့်လာခဲ့ပြီ ဖြစ်သည်။ အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံသည် အန္တရာယ်ကြီးမားသော အကြမ်းဖက်မှု သံသရာဝဲဂယက်အတွင်း သက်ဆင်းသွားခဲ့သလို ဆိုးဝါးလှသည့် စီးပွားရေး အကြပ်အတည်း၊ နက်ရှိုင်းကြီးမားသည့် လူသားချင်းစာနာမှု အတိဒုက္ခများနှင့် ရင်ဆိုင်လာနေရသည်။

မေလအထိ လူပေါင်း ၃,၅၀၀ ကျော် အသတ်ခံခဲ့ရပြီး ၂,၂၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ နိုင်ငံတစ်ဝှမ်း လူဦးရေ ၁.၈ သန်းခန့်မှာလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်။

ယခုပြက္ခဒိန်နှစ် တစ်နှစ်အတွင်း လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသော လူဦးရေစုစုပေါင်းမှာ ၁၇.၆ သန်းအထိ မယုံကြည်နိုင်လောက်အောင် တိုးတက်များပြား လာနေသည်ဟု ခန့်မှန်းထားကြသည်။

ဆုံးရှုံးခဲ့ရသော လူ့အသက်၊ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်၊ ပျက်စီးသွားသည့် အခြေခံအဆောက်အအုံ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရရှိမှု စသည်တို့ဖြင့် ချိန်ဆတွက်ချက် ကြည့်မည်ဆိုပါက ထိခိုက်နစ်နာပျက်စီးမှု ပမာဏမှာ တိုင်းတာ၍ မရနိုင်လောက်အောင် ကြီးမားလှသည်။

သို့တိုင်အောင်လည်း မြန်မာပြည်သူများသည် စစ်တပ်ကနောက်ထပ်တစ်ကြိမ် အပြည့်အဝချုပ်ကိုင် အုပ်စိုးသွားနိုင်ခြင်း မရှိစေအောင် ၎င်းတို့အား ဖီလာဆန့်ကျင် တော်လှန်တိုက်ခိုက်နေကြဆဲ ဖြစ်သည်။

ပြည်သူတို့၏တိုက်ပွဲသည် ၎င်းတို့၏နေ့စဉ်ဘဝနှင့် အလဲအထပ်ပြု၍ ခက်ခက်ခဲခဲ ဆုံးဖြတ်ရွေးချယ် တော်လှန် နေကြရခြင်းဖြစ်သည်။ ဥပမာ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM)တွင် ပါဝင်သင့်/မသင့်၊ သို့တည်းမဟုတ် CDM ပြုလုပ်သူအဖြစ် ဆက်လက်ရပ်တည်သင့်/မသင့် ပြည်သူများ စဉ်းစားရသည်။

စစ်ကောင်စီက ဖွင့်လှစ်သည့် ကျောင်းများသို့ မိမိတို့၏သားသမီးများကို ကျောင်းတက်ရန် စေလွှတ်သင့်/မသင့် ၎င်းတို့အကြပ်ရိုက်ရသည်။ သို့တည်းမဟုတ် အခြားဒေသတစ်ခုခုတွင် လုပ်အားခေါင်းပုံဖြတ်ခံရမည် ကိုသိလျက်နှင့် မွေးရပ်မြေမှ စွန့်ခွာထွက်ပြေးရန် ကြိုးစားသင့်/မသင့် ပြည်သူတို့ခေါင်းခဲနေကြရသည်။

နိုင်ငံတစ်ဝှမ်းမှ လူပုဂ္ဂိုလ်များ၊ မိသားစုများ၊ လူ့အသိုင်းအဝိုင်းများသည် ဤ အာဏာသိမ်းမှုအလွန် အိပ်မက်ဆိုးကြီးထဲ နာကျင်ခံခက်သော ဒဏ်ရာဒဏ်ချက်များစွာဖြင့် နေ့စဉ်နေ့တိုင်း ဖြတ်သန်းနေကြရသည်။ ထိုအချိန် အခိုက်အတန့်မှာပင် “နွေဦးတော်လှန်ရေး” ဟုအမည်တွင်သော မြန်မာ့တော်လှန်ရေး လှုပ်ရှားမှုတစ်ခုလုံးသည် သူ့သဘောသူဆောင်၍ ပြောင်းလဲဖြစ်ပေါ်လာခဲ့သည်။

မူလက အကြမ်းမဖက်လှုပ်ရှားမှုအဖြစ် စတင်ဆင်နွှဲခဲ့သော တော်လှန်ရေးသည် တစ်စထက်တစ်စ စစ်ရေးပုံစံသို့ အကြီးအကျယ် ကူးပြောင်းလာသည်။ ယခုအခါ အဖွဲ့အားလုံး၏ အကြမ်းဖက်နည်းလမ်း အသုံးပြုမှုသည် လုံးဝ ပုံမှန်ဆောင်ရွက်မှု ဖြစ်လာသည်သာမက အမြဲလိုလို အားပေးအားမြှောက် ပြုလုပ်ခြင်း၊ အောင်ပွဲခံကျင်းပခြင်း များအထိ စစ်ရေးအသွင်သဏ္ဍာန် ကြီးထွားလာသည်။

သို့ဖြစ်၍ မြန်မာ့တော်လှန်ရေးလှုပ်ရှားမှု၏ ရှေ့အလားအလာနှင့် စပ်လျဉ်း၍ ကျွန်တော်တို့အားလုံး စဉ်းစား သုံးသပ်၍ တော်လှန်ရေး၏ အဓိကရည်ရွယ်ချက်အတွက် အခြေခံအကျဆုံးမေးခွန်း ၂ ခုကို ထုတ်ဖော်မေးမြန်းရန် အရေးတကြီး လိုအပ်လာလျက်ရှိသည်။

၎င်းမေးခွန်းများမှာ “ဘယ်သူတွေ၊ ဘာတွေကို ဆန့်ကျင်ပြီး ကျွန်တော်တို့ တိုက်ခိုက်နေကြသလဲ” နှင့် “ဘယ်သူတွေ၊ ဘာတွေကို ထောက်ခံပြီး ကျွန်တော်တို့ တိုက်ပွဲဝင် နေကြသလဲ” ဟူသည့် မေးခွန်း ၂ ခုဖြစ်သည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည်ဆိုရုံနှင့် မလုံလောက်

===============

ဒုက္ခပင်လယ်ဝေစေခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှုကို ရည်ညွှန်းလျက် မြန်မာ့ နွေဦးတော်လှန်ရေးကို “စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှု” အဖြစ် ရေးသားဖော်ပြလေ့ရှိသည်။

ထိုသတ်မှတ်ချက်အတိုင်း အတိအကျ အဓိပ္ပာယ်ဖွင့်ဆိုပါက မြန်မာ့နွေဦးတော်လှန်ရေးသည် စစ်ကောင်စီနှင့် ယင်းစစ်ကောင်စီ၏ ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် မြန်မာစစ်တပ် အဖွဲ့အစည်းတစ်ခုလုံးပါမကျန် ဆန့်ကျင်တော်လှန်သော လှုပ်ရှားမှုဟု ဆိုနိုင်ပေသည်။

ထိုဖွင့်ဆိုချက်ကို ဆက်လက်သုံးသပ်ဆင်ခြင်ပါက အာဏာသိမ်းမှုဖြစ်စဉ်ကို ပြောင်းပြန်လှန်လိုက်ရုံမျှဖြင့် မြန်မာ့ နွေဦးတော်လှန်ရေး၏ လိုလားတောင်းဆိုချက်များကို ဖြည့်ဆည်းပေးရန် လုံလောက်နိုင်ဖွယ်ရှိသည်ဟု အဓိပ္ပာယ် ထွက်နေသည်။ အာဏာသိမ်းမှုမတိုင်မီက တိုင်းပြည်၏ ပိုနေမြဲကျားနေမြဲအနေအထားကို အချိန်နောက်ပြန်ရစ်၍ သွားလိုက်ရုံဖြင့် တော်လှန်ရေးကြီး အောင်မြင်ပြီးဆုံးသွားမည့်သဘောမျိုး ဖြစ်သည်။

ဤသို့ နားလည်မှုလွဲသွားပါက အလွန်ပင်ပြဿနာကြီးမားလှသည်။ Asia Times ပါ ယခင်ဆောင်းပါးတစ်ပုဒ် တွင် စာရေးသူတို့ ဆွေးနွေးခဲ့ဖူးသည့်အတိုင်း အာဏာသိမ်းမှုမတိုင်မီကာလ မြန်မာ့အခြေအနေများသို့ ပြန်သွား ခြင်းသည် ၂၀၂၀ရွေးကောက်ပွဲ ကျင်းပရန် အခြေခံအဖြစ် အသုံးပြုခဲ့သော စစ်တပ်က ရေးဆွဲထားသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အသိအမှတ်ပြုရာ ရောက်သွားပေလိမ့်မည်။

တစ်ဖက်တွင်မူ ပြည်သူများက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် လက်မခံကြတော့ဘဲ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ၎င်းဖွဲ့စည်းပုံအခြေခံဥပဒေကို တရားဝင်ဖျက်သိမ်းခဲ့ပြီးလည်း ဖြစ်သည်။

ထို့အပြင် အာဏာသိမ်းမှုမတိုင်မီက လျှောက်လှမ်းနေသော မြန်မာ့နိုင်ငံရေး လမ်းကြောင်းပေါ်မှ အမြင်များတွင် ကြီးမားသောအားနည်းချက်၊ ချွတ်ယွင်းချက်များ ရှိနေခဲ့သည်။

၎င်းတို့မှာ တိုင်းပြည်၏ ဆုံးဖြတ်ခွင့်အာဏာကို ဗဟိုက ဆက်လက်ချုပ်ကိုင်ထားခြင်း၊ အမျိုးသမီးများ၊ တိုင်းရင်းသားများနှင့် ဘာသာရေးလူနည်းစုများ၏ အခွင့်အာဏာကို စနစ်တကျ လျှော့ချကန့်သတ်ထားဆဲ ဖြစ်ခြင်း၊ လွတ်လပ်စွာပြောဆိုခွင့် ယုတ်လျော့ ကျဆင်းနေခြင်း၊ လူမျိုးတုန်းသတ်ဖြတ်မှုသည် ၎င်းတို့ ချစ်မြတ်နိုးသော အမိမြေတွင် အမှန်တကယ် ဖြစ်ပွားခဲ့ဖွယ်ရှိနေသည့် အချက်ကိုလက်ခံနိုင်ရန် နိုင်ငံရေးခေါင်းဆောင်များနှင့် အများပြည်သူက ခက်ခက်ခဲခဲ ကြိုးပမ်းနေရခြင်း စသည်တို့ဖြစ်သည်။

အဆိုပါ နိုင်ငံရေးအမြင်ဟောင်း အများအပြားသည် အာဏာသိမ်းပြီးစဉ်ကတည်းက အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ယင်းပြောင်းလဲမှုကြီးမှ နောက်ကြောင်းပြန်လှည့်မည်ဆိုပါက အလွန်ပင် ရှက်ဖွယ်လိလိ ဖြစ်ပေလိမ့်မည်။

အကြောင်းရင်းမှာ ၎င်းနိုင်ငံရေးအမြင် အချိုးအကွေ့ အပြောင်းအလဲသည် စစ်အာဏာသိမ်းမှု အနိဋ္ဌာရုံ တောကြီးမျက်မည်းထဲမှ ရှားရှားပါးပါး တစ်ခုတည်းသော ကောင်းကွက်အလင်းရောင်ကလေးကို ကိုယ်စားပြုနေခြင်းကြောင့်ပင် ဖြစ်သည်။

အဆုံးသတ်တွင် ရှင်းလင်းပြတ်သားသော ဘုံရန်သူကို တိတိကျကျ ဖော်ထုတ်နိုင်ခဲ့ခြင်းက ကွဲပြားခြားနားနေသည့် မြန်မာ့နိုင်ငံရေးအဖွဲ့များကို ယခင်ကထက် ပိုမိုစုစည်းပေးနိုင်ခဲ့သည်။ သို့သော် ဤသို့ စုစည်းနိုင်ရုံမျှဖြင့် မြန်မာ့ နွေဦးတော်လှန်ရေး အောင်မြင်ရန် လုံလောက်မှုမရှိပေ။

ပိုမိုငြိမ်းချမ်းသာယာ၍ ဒီမိုကရေစီနည်းလမ်း ပိုကျကာ ပိုမိုတရားမျှတသော လမ်းကြောင်းပေါ်သို့ မြန်မာနိုင်ငံရောက်ရှိမလာအောင် ဟန့်တားနေသူများကို သာမန်ကာလျှံကာ ဆန့်ကျင်တော်လှန်နေရုံမျှ မဟုတ်ဘဲ တူညီသောတန်ဖိုးများ၊ တိုင်းပြည်အတွက် ဘုံအနာဂတ် ရည်မှန်းချက် ပန်းတိုင်များအပေါ် အခြေခံ၍ ရေရှည်တည်တံ့သော မဟာမိတ်ပြုမှုများ တည်ဆောက်နိုင်ရန် လိုအပ်လျက်ရှိသည်။

ဒီမိုကရေစီတန်ဖိုးများ ကျင့်သုံးရန်လိုအပ်

==============

မြန်မာ့နွေဦးတော်လှန်ရေးကို တစ်ခါတစ်ရံ “ဒီမိုကရေစီ လိုလားသော လှုပ်ရှားမှု” ဟုလည်း အခြား အမည်တစ်မျိုးဖြင့် ခေါ်ဆိုကြသည်။သို့သော် “ဒီမိုကရေစီ လိုလားသော လှုပ်ရှားမှု” ဟူသည့် စကားရပ်၏ အဓိပ္ပာယ်ကို အသေအချာ စဉ်းစားကြည့်သင့်သည်။

အများစုသဘောတူ လက်ခံထားသည်မှာ “ဒီမိုကရေစီ လိုလားသူ” ဟုခေါ်ဆိုနိုင်ရန်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု၊ ဗဟုဝါဒကျင့်သုံးမှု တို့အပြင် လူ့အခွင့်အရေးလေးစားမှု ဟူသော ဒီမိုကရေစီစံတန်ဖိုးများကို လိုက်နာရန် လိုအပ်သည့်အချက် ဖြစ်သည်။

ဤဒီမိုကရေစီ လိုလားသူဟူသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်အရ မြန်မာ့တော်လှန်ရေးကို သုံးသပ်လေ့လာသည့်အခါ တိုးတက်အောင် ဆက်လက်ဆောင်ရွက်ရမည့် နေရာလွတ်အများအပြား ကျန်ရှိနေသေးကြောင်း တွေ့ရှိရသည်။

လူတစ်ယောက်သည် တစ်ဖက်က ဒီမိုကရေစီကို တောင်းဆိုရင်း အခြားတစ်ဖက်တွင် မိမိဆုံးဖြတ်ချက်များ၊ လုပ်ငန်းစဉ်များအား ဝေဖန်စစ်ဆေးနေသူများကို အပြင်းအထန်ဖိနှိပ်ခြင်း သို့မဟုတ် ရှောင်တိမ်းခြင်း၊ သို့တည်းမဟုတ် မိမိအပေါ် ဝေဖန်သူများအား ရန်သူဘက်မှ ရပ်တည်နေသူများအဖြစ် စွပ်စွဲခြင်းဟူသော ဆန့်ကျင်ဖက်လုပ်ရပ်များကို တစ်ချိန်တည်း၌ဆောင်ရွက်နေ၍ မရစကောင်းပေ။

လူတစ်ယောက်သည် မတူကွဲပြားသော အယူအဆ၊ အမြင်များကိုလက်ခံရန် အဆင်သင့် မဖြစ်သေးသမျှ သို့တည်းမဟုတ် ယုတ်စွအဆုံး ၎င်းမတူသော အမြင်များနှင့် လက်တွဲပူးပေါင်းဆောင်ရွက်ရန် အဆင်သင့် မဖြစ်သေးသမျှ ဒီမိုကရေစီတန်ဖိုးအကြောင်း ဆွေးနွေးပြောဆိုရန် မသင့်ပေ။

အရေးကြီးသည့်အချက်မှာ အကြမ်းဖက်မှုကို လှုံ့ဆော်ခြင်း၊ စစ်သုံ့ပန်းများအား ညှင်းပန်းနှိပ်စက်ခြင်း၊ လက်နက်မဲ့အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက် ခြင်းများကိုပြုလုပ်နေရင်း မည်သူမျှ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နိုင်ခြင်း မရှိသည့်အချက် ဖြစ်သည်။

မှန်ပါသည်။ နိုင်ငံနှင့်ပြည်သူအပေါ် မည်သည့်ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေကာမူ အကန့်အသတ်မဲ့နှင့် အကြွင်းမဲ့ ရှေ့တိုးဆောင်ရွက်မည့် အဖွဲ့အစည်းတစ်ခုနှင့် ရင်ဆိုင်နေရသည်မှာ စိန်ခေါ်မှု ကြီးမားလှသည်။

နိုင်ငံတကာ ဥပဒေများ သို့မဟုတ် ဒီမိုကရေစီ အခြေခံမူတစ်ခုခုကို လိုက်နာရန် မဆိုထားနှင့်၊ ပြည်တွင်းဥပဒေများကိုပင် မည်သည့်အခါကမျှ မလိုက်နာခဲ့သည့်၊ နောင်တွင်လည်း လိုက်နာမည်မဟုတ်သည့် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ရင်ဆိုင်ရာ၌ မည်သည့်လမ်းကြောင်းသည် မှန်ကန်သင့်တော်သည့် လမ်းကြောင်း ဖြစ်မည်နည်းဟု မေးခွန်းထုတ်စရာ အကြပ်အတည်းရှိလာသည်။

ထိုသို့ ကျင့်ဝတ်ပိုင်းဆိုင်ရာ အကြပ်အတည်းနှင့် ရင်ဆိုင်နေရသော်ငြားလည်း မြန်မာစစ်တပ်၏ ရက်စက်ဆိုးဝါး သောလုပ်ရပ်များသည် တော်လှန်ရေး ဖြစ်ပေါ်လာရသည့် အကြောင်းရင်းဖြစ်သလို ဆယ်စုနှစ်များစွာ တော်လှန်ရေးကြီး ဆက်လက်တည်ရှိနေခဲ့ခြင်း၏ အဓိကအကြောင်းရင်းလည်း ဖြစ်ကြောင်း၊ တော်လှန်ရေးတွင် ပါဝင်နေသူများအနေဖြင့် စစ်တပ်၏ လုပ်ရပ်မျိုးကို မိမိတို့ကိုယ်တိုင်က လက်ခံကျင့်သုံးခြင်း မပြုဘဲ ငြင်းပယ်ရန် လိုအပ်ကြောင်း၊ နားလည်သဘောပေါက်ထားရပေမည်။ မကောင်းဆိုးဝါးကို တိုက်ခိုက်ရာ၌ တိုက်ခိုက်သူများ ကိုယ်တိုင်မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲသွားရမည် မဟုတ်ပေ။

မိမိတို့ကိုယ်ကိုယ် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် မှတ်ယူထားသောအဖွဲ့အားလုံးသည် ဒီမိုကရေစီစံနှုန်းများကို လိုက်နာရန်အဆင့်သင့် ဖြစ်နေသင့်သလို လိုက်နာရန် ပျက်ကွက်ပါကလည်း အပြည့်အဝ တာဝန်ယူမှုရှိရန် လိုအပ်သည်။

ဂုဏ်သိက္ခာရှိသော တော်လှန်ရေးဆိုသည်မှာ မည်သူမျှအမှားမလုပ်သော တော်လှန်ရေးမဟုတ် ။ဂုဏ်သိက္ခာရှိသော တော်လှန်ရေးဟူသည် အမှားလုပ်သူများအား ပွင့်လင်းမြင်သာမှုရှိရှိ ပြတ်ပြတ်သားသား ကိုယ်တွယ်ဆောင်ရွက်သည့် တော်လှန်ရေးသာဖြစ်သည်။

လိုအပ်သော နောက်တစ်ဆင့် သို့မဟုတ် ဖက်ဒရယ်စနစ်ထောက်ခံမှု

=============

ဆိုကြပါစို့၊ အနာဂတ် တစ်ချိန်ချိန်၊ တစ်နေ့နေ့တွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီသို့ ဦးတည်နေသောလမ်းကြောင်းပေါ် ရုတ်ချည်းရောက်ရှိသွားသည် ဆိုပါစို့။ ယင်းဖြစ်ရပ်တွင် တိုင်းပြည်၌ ဒီမိုကရေစီအမှန်တကယ် အမြစ်တွယ် ခိုင်မာလာစေရန် လတ်လတ်ဆတ်ဆတ် ရရှိထားသော နိုင်ငံရေးတည်ငြိမ်မှုသည် အနည်းဆုံးပုံမှန်ရွေးကောက်ပွဲ ရာသီအနည်းငယ်အထိ တာရှည်ခံရန် အထူးအရေးကြီးသည်။ ဒီမိုကရေစီ အမြစ်တွယ်ရုံသာမက အမှန်တကယ် ရှင်သန်ထွန်းကားဖို့ဆိုလျှင် ဖက်ဒရယ်စနစ်ကျင့်သုံးရန် လုံးဝလိုအပ်သည်။

ဖက်ဒရယ်စနစ် ကျင့်သုံးခြင်းဖြင့်သာ ဖက်ဒရယ်အဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏အချုပ်အခြာအာဏာနှင့် ကိုယ့် ကြမ္မာကိုယ်ဖန်တီးခွင့်ကို ထိန်းသိမ်းနိုင်ကြပေမည်။

ဖက်ဒရယ်စနစ်ကျင့်သုံးခြင်းဖြင့်သာ တစ်ပါတီတည်းက သော်လည်းကောင်း၊ နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် ဘာသာရေးယုံကြည်မှု အလွှာတစ်ခုတည်းက သော်လည်းကောင်း၊ လွှမ်းမိုးထားသော ဗဟိုအုပ်ချုပ်မှုစနစ်များနေရာတွင် စစ်မှန်သောအာဏာခွဲဝေမှုနှင့် သာတူညီမျှမှုတို့ဖြင့် အစားထိုးဆောင်ရွက်နိုင်ပေလိမ့်မည်။

ဤနည်းအားဖြင့် မြန်မာ့ဖက်ဒရယ်စနစ်သည် လက်ရွေးစင် လူနည်းစု အတွက်မဟုတ်ဘဲ နိုင်ငံ၏အသွင်မတူ ကွဲပြားခြားနားသော လူမှုအသိုင်းအဝိုင်းအားလုံး နှင့် ဒေသအားလုံးအတွက် တစ်စုံတစ်ခု ဖန်တီးဆောင်ကြဉ်းပေးနိုင်သော စနစ်တစ်ခု ဖြစ်လာပေလိမ့်မည်။

သို့ဖြစ်လျှင် မြန်မာနိုင်ငံ၌ ဖက်ဒရယ်စနစ် တည်ဆောက်နိုင်ရန် မည်သို့ကြိုးပမ်း ဆောင်ရွက်ကြမည်နည်း။ အထူးသဖြင့် ယခုကဲ့သို့တော်လှန်ရေးကာလအတွင်း ကျွန်တော်တို့ မည်သို့တည်ဆောက်ကြမည်နည်း။

ထိပ်ဆုံးအဆင့်၌ ဖက်ဒရယ်အခြေခံမူများအပေါ် သဘောတူညီမှုရရှိရန်နှင့် အကောင်အထည် ဖော်ဆောင်ရွက်ရန် စောင့်ဆိုင်းခြင်းသည် ချဉ်းကပ်မှုနည်းလမ်းတစ်ခု ဖြစ်သည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် ထိုသို့ စောင့်ဆိုင်းရမည့် နည်းလမ်းတစ်ခုတည်းသာ ရှိနေခြင်းကား မဟုတ်ပေ။ အခြားနည်းလမ်းအဖြစ် နိုင်ငံ၏ ဖြစ်နိုင်သည့်ဒေသများ၊ အနိမ့်ဆုံးအားဖြင့် အတော်အသင့် ဘေးကင်းသည့်ဒေသများတွင် ဒေသန္တရအစိုးရများ ဖွဲ့စည်းခြင်း၊ ၎င်းဒေသန္တရ အုပ်ချုပ်မှုအဖွဲ့များကို အားကောင်းခိုင်မာလာစေခြင်း၊စသည်တို့ကို အလေးပေး ဆောင်ရွက်သည့် နည်းလမ်းလည်းရှိနေသည်။

အဆိုပါ အုပ်ချုပ်မှု အဆောက်အအုံအများအပြားမှာ လွန်ခဲ့သော ဆယ်စုနှစ်များစွာကတည်းက တည်ရှိနေခဲ့ပြီး ဖြစ်သည်။ ကြီးမားသည့် အခက်အခဲများ ရင်ဆိုင်ရလင့်ကစား၊ ရင်းမြစ်အကန့်အသတ်များ ရှိနေလင့်ကစား၊ ဗဟိုအစိုးရထံမှ မည်သည့်အထောက်အပံ့မျှ မရရှိလင့်ကစား၊ ထိုအဖွဲ့အစည်းများ ဆက်လက်တည်ရှိနေခဲ့သည်။

ဒေသခံလူထုအား ၎င်းတို့ကို ၎င်းတို့စီမံအုပ်ချုပ်နိုင်ရန် အခွင့်အာဏာ အပ်နှင်းခြင်းသည် ပြည်သူတို့အား ကူညီရန် လက်တွေ့အကျဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းဖြစ်သည်သာမက အဆိုပါဒေသများ၌ ကိုယ်ပိုင်အုပ်ချုပ်မှု အလေ့အထကို ပြုစုပျိုးထောင်ပေးရာလည်း ရောက်ပေမည်။ ဤနည်းလမ်းသည် ဖက်ဒရယ်စနစ်ကို အောက်ခြေမှစတင်၍ မွေးမြူတည်ထောင်ပေးနိုင်မည့် နည်းလမ်းပင် ဖြစ်သည်။

တော်လှန်ရေးဖြစ်စဉ်ကြီး

============

အမှန်အားဖြင့် မြန်မာနိုင်ငံ၏ ဖက်ဒရယ်စနစ်သည် ဒီမိုကရေစီမပါဘဲ အောင်မြင်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ဖက်ဒရယ်စနစ်ကို ထောက်ခံရန် လူတစ်ဦးသည် နဂိုမူလကတည်းက ဒီမိုကရေစီထောက်ခံသူသာမက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူလည်း ဖြစ်နေရပေမည်။

သို့သော် ဒီမိုကရေစီ ထောက်ခံသူဖြစ်စေ၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူဖြစ်စေ၊ ၎င်းပုဂ္ဂိုလ်သည် ဖက်ဒရယ်အခြေခံမူများကို ထောက်ခံသူဖြစ်လိမ့်မည် ဟူ၍ကား လုံးဝ တပ်အပ်ပြောဆိုနိုင်ခြင်း မရှိပေ။

သို့ဖြစ်၍ လှုပ်ရှားမှုတွင် ပါဝင်နေသူများသာမက အဖွဲ့အမျိုးမျိုးနှင့် အလုပ်လုပ်နေပြီး ၎င်းအဖွဲ့များကို အားပေး ထောက်ခံနေသော နိုင်ငံတကာအသိုင်းအဝိုင်းကပါ ယခု မြန်မာ့တော်လှန်ရေးဖြစ်စဉ်ကြီး၌ ၎င်းတို့၏ ရပ်တည်ချက်သဘောထားအပေါ် အမြင်ရှင်းရှင်းလင်းလင်းဖြစ်ရန် အထူးအရေးကြီးသည်။

စာရေးသူများ၏ ရပ်တည်ချက်မှာ လက်ရှိ မြန်မာ့တော်လှန်ရေးလှုပ်ရှားမှုသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အနေအထားသာမက ဒီမိုကရေစီထောက်ခံမှု သဘောထားများကပါ ကျော်လွန်လှုပ်ရှား၍ ဖက်ဒရယ်စနစ်ကို မမှိတ်မသုန် ပြတ်ပြတ်သားသား ထောက်ခံရန် လိုအပ်လာပြီဟူသောအမြင် ဖြစ်သည်။

လက်စားချေရန်ဖြစ်စေ၊ နိုင်ငံရေးအရ မီးစင်ကြည့်ကရသည့် အခြေအနေကြောင့်ဖြစ်စေ၊ မတတ်သာ၍ အကြမ်းဖက်ရခြင်း၊ လူမဆန်စွာ ရက်စက်သော နည်းဗျူဟာကျင့်သုံးရခြင်းများကို တော်လှန်ရေးသမားများက ရှောင်ရှားနိုင်စွမ်းရှိမည်ဆိုလျှင် မိမိတို့ ဆန့်ကျင်တိုက်ခိုက်နေသည့် မကောင်းဆိုးဝါးနှင့် တော်လှန်ရေးသမားများအကြား အထင်အရှားကွဲပြား ခြားနားသွားစေလိမ့်မည်ဟု ဆောင်းပါးရှင်များကယုံကြည်သည်။

ထို့အတူ မတူကွဲပြားမှုကို အသိအမှတ်ပြုလက်ခံကာ သဘောထားကြီးကြီးထားပြီး အကြင်နာတရား၊ ကိုယ်ချင်းစာတရားများ အခြေခံ၍ ဆုံးဖြတ်ချက်ချမှတ်မည်ဆိုပါက အနာဂတ်မျိုးဆက်များအတွက် ပိုမိုငြိမ်းချမ်း သာယာသောဘဝကို ဖန်တီးပေးနိုင်လိမ့်မည်ဟုလည်း စာရေးသူတို့က ယုံကြည်သည်။

သို့သော်အမျိုးမျိုးကွဲပြားနေသော မြန်မာ့တော်လှန်ရေးအင်အားစုများသည် လက်ရှိတော်လှန်ရေးဖြစ်စဉ်ကြီး၌ မတူကွဲပြားသော အနေအထား အမျိုးမျိုးတွင် ရောက်ရှိကောင်း ရောက်ရှိနေနိုင်သည်ကိုလည်း ကျွန်တော်တို့ နားလည်ထားသည်။

အင်အားစုများ၏ ဘုံဦးတည်ချက်လားရာ တူညီနေသမျှ ထိုသို့ ကွဲပြားခြားနားမှုမှာ ပြဿနာမရှိပေ။ လှုပ်ရှားမှုတွင် ပါဝင်နေသော တော်လှန်ရေးအဖွဲ့ တစ်ခုချင်းစီအား မိမိတို့၏တန်ဖိုး၊ ချဉ်းကပ်မှု နည်းလမ်းနှင့် လုပ်ရပ်များအပေါ် စဉ်ဆက်မပြတ် ဆင်ခြင်သုံးသပ်နေရန်သာ ကျွန်တော်တို့ တိုက်တွန်းလိုပါသည်။

ဤနည်းအားဖြင့် အင်အားစုများအကြား ပိုမိုပွင့်လင်း ရိုးစင်းစွာဆက်သွယ်၍ တိုင်တိုင်ပင်ပင်ဆောင်ရွက် လာနိုင်ရာမှအစပြု၍ “ပိုကောင်းသော မြန်မာ့မနက်ဖန်တစ်ခု” ဆီသို့ ဦးတည်မည့်အကျိုးရှိသော တွေ့ဆုံ ဆွေးနွေးမှုများ အသေအချာ ဖြစ်ထွန်းလာစေနိုင်လိမ့်မည် ဖြစ်သည်။

(Aisa Times မဂ္ဂဇင်းပါ YINGLAO NOANVO နှင့် RADKA ANTALIKOVA တို့၏ “Myanmar’s resistance: What are we actually fighting for?” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်)။

Photo-NYTimes

Rebel militia fighters of the People’s Defense Forces, including, at right, a former banquet coordinator for a hotel in Yangon, patrol a front line area near government military positions in the Kayin State of Myanmar, March 9, 2022. Myanmar’s newest rebels have abandoned cafes and professions to join longstanding ethnic militias in a near-daily battle with long odds against the country’s military junta. (Adam Dean/The New York Times)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article