40.9 C
Yangon

ရေစကြိုမြို့နယ် ထန်းချောင်း ကျေးရွာကို စစ်တပ်က ပစ်ခတ်ဝင်ရောက်ပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူရာ နေအိမ်များကို မီးရှို့ဖျက်ဆီး

Must read

ရေစကြိုမြို့နယ် ထန်းချောင်း ကျေးရွာကို စစ်တပ်က ပစ်ခတ်ဝင်ရောက်ပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူရာ နေအိမ်များကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇွန် ၅

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ထန်းဆယ်ပင်အုပ်စု ထန်းချောင်းကျေးရွာကို အကြမ်းဖက် စစ်တပ်၏ ခလရ၂၅၈ ၊ ခလရ၂၅၇၊ ခလ၂၅၆ တပ်များက ဇွန်လ ၄ ရက်နေ့တွင် ဝင်ရောက်၍ ဒေသပြည်သူများ၏ ပစ္စည်းများကို ခိုးယူကာ နေအိမ် ၅၀ ခန့်ကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသပြည်သူများက ပြောကြားသည်။

“မနက်ပိုင်းနဲ့ ညနေပိုင်း စစ်တပ်က ပစ္စည်းတွေယူသွားတယ်။ ရွာနဲ့ တပ်က ၁ မိုင်ကျော်မယ်။ အိမ်မွေးနွားနဲ့ထွန်းစက် ရေစုပ်စက်တွေပါ မကျန် အိမ်ခြေ ၅၀ ခန့်မီးရှို့သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

မကွေးတိုင်း၊ ထန်းချောင်းကျေးရွာသည် အိမ်ခြေ ၇၀ ကျော်ရှိသည့် ကျေးရွာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီဝင်များ အိမ်ခြေ ၅၀ ခန့်ကို မီးရှို့သွားသည့် အတွက် ဒေသပြည်သူများ စားဝတ်နေရေး ခက်ခဲနေကာ အကူအညီများ လိုအပ်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article