26 C
Yangon

ရွှေဘိုမြို့နယ်၊ တည့်သီးတောရွာရှိ စစ်တပ် စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး၊ ဒီပဲယင်းမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

Must read

ရွှေဘိုမြို့နယ်၊ တည့်သီးတောရွာရှိ စစ်တပ် စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး၊ ဒီပဲယင်းမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၆

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည့်သီးတောရွာရှိ စစ်တပ် စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ဂျပန်ကြီး (TTT) ရွှေဘို အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၆ ရက်နေ့ နံနက်ပိုက်းတွင် ရွှေဘိုမြို့နယ် တည့်သီးတောရွာ၌ တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် စစ်ကူလာသော စစ်ကားကို ဇီးဖြူကုန်ရွာမှ ထွက်လာစဥ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ဂျပန်ကြီး (TTT) ရွှေဘိုအဖွဲ့၊ ဗိုလ်ကျားရိုင်း ရွေဘိုအဖွဲ့နှင့် ရွှေဘို တိုက်နယ် ၂ တပ်ရင်း ၄ မဟာမိတ် ညီနောင်များက ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ မြို့မရဲစခန်းနှင့် ကင်းစခန်းဂိတ်များကို လက်နက်ကြီး၊ လက်နက် ငယ် များဖြင့် ဝ်ငရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲ ၄ ဦးသေဆုံးသေဆုံးခဲ့ကြောင်း Freedom Revolution Force (FRF) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။

ယနေ့ ဇွန်လ ၆ ရက် မွန်းတည့် ၁၂ နာရီခန့်က ဒီပဲယင်းမြို့၊ အနောက်ကွက်သစ်ရပ်ကွက်ရှိ အကြမ်းဖက် စစ်သား၊ ရဲ၊ ပျူစောထီးပူးပေါင်းထားသော မြို့မရဲစခန်း၊ အကြမ်းဖက်စစ်တပ်စစ်ဆေးရေး ဂိတ်များကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အလစ်အငိုက် ဝင် ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ဦးမျက်မြင် သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ပင်မရဲစခန်းကြီးကို လက်နက်ကြီးတွေနဲ့ ထုပြီးတော့ ကင်းဂိတ်စခန်းလေးတွေကို လက်နက်ငယ်နဲ့ ဝင် ပစ်တာ၊ နာရီဝက်လောက်တော့ကြာခဲ့တယ်၊ မျက်မြင် ၄ ယောက်သေတယ်၊ တခြားထိခိုက်ဒဏ်ရာရတာ တွေလဲများတယ်၊ ဒုရဲအုပ်တစ်ဦး လက်ဒဏ်ရာရတယ်ဆိုတာ အတွင်းက ဖရဲသီးသတင်းပို့လို့ သိရတာပါ၊ ပြန်ဆုတ်လာတဲ့အချိန်မှာတော့ လက်နက်ကြီးတွေနဲ့ထုတာရှိပါတယ်။” ဟု Freedom Revolution Force (FRF) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Freedom Revolution Force (FRF)၊ ရွှေဘိုခရိုင်တပ်ရင်း ၂၄ ၊ ရေကျော်ဖိုက်တာ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article