27 C
Yangon

ရှမ်းပြည်နယ်၊ မဘိန်းမြို့နယ်၊ ရမ်ဘိုကျေးရွာ စာသင်ကျောင်းနှင့် ဆေးပေးခန်းကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ အနည်းဆုံး ၇ ဦးသေဆုံး

Must read

ရှမ်းပြည်နယ်၊ မဘိန်းမြို့နယ်၊ ရမ်ဘိုကျေးရွာ စာသင်ကျောင်းနှင့် ဆေးပေးခန်းကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ အနည်းဆုံး ၇ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၂

ရှမ်းပြည်မြောက်ပိုင်း မဘိမ်းမြိုနယ် ရမ်းဘို ရွာမှာ ရှိတဲ့ စာသင်ကျောင်းနဲ့ ဆေးပေးခန်းကို စစ်ကောင်စီ လေတပ် က ဇွန်လ ၁ ရက် နေ့ ညပိုင်းနဲ့ ဇွန်လ၂ ရက်နေ့ နံနက်ပိုင်း မှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်တွေနဲ့ ဗုံးကျဲခဲ့ပါတယ်။

“တိုက်ပွဲဖြစ်တာလည်းမရှိသလို ရမ်းဘိုရွာက အေးဆေးငြိမ်သက်နေတာကို မနေ့ ည ၁၀ နာရီ ခွဲ လောက်က လေယာဉ်နဲ့ ဗုံးလာကျဲတာ ။ ဗုံး ကလည်း စာသင်ကျောင်း တည့်တည့် ကျတာ ပြီးတော့ စာသင်ကျောင်းနဲ့ ဆေးခန်းက ကပ်လျက်ပဲ ဆိုတော့ စာသင်ကျောင်း က အကုန်ပျက်စီး ပြီးတော့ ဆေးခန်း ရော ပြိုသွားတယ်” လို့ ရမ်းဘိုရွာသား ကိုရန်နိုင်မျိုးက ပြောပါတယ်။

တိုက်ပွဲမဖြစ်ဘဲ အကြောင်းမဲ့ စစ်တပ်က လေယာဉ်နဲ့ ဗုံးလာကျဲတာမို့ ကျေးရွာပြည်သူတွေက ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

“အခု မနက်ထိ ကို ဗုံးကျဲနေတာမို့ ပြည်သူတွေလည်း တောထဲ ထွက်ပြေးနေရတာ ဆိုတော့ သွားလည်း မကြည့်ရဲဘူး။ ရွာထဲကလူတွေသေဆုံးတာ ထိခိုက်တာတွေ ရှိတယ်လိုတော့ ကြားတယ်။ညက ဗုံးလာကျဲတော့ ၆ ဦး၊ ၇ ဦးလောက် သေတယ်လို့ ကြားတယ်။ အခုမနက်ထပ်လာ ကျဲတော့ အထက် ရမ်းဘို တစ်ရွာလုံးနီးပါး ပျက်စီး သွားတယ်။ အခုဖုန်း ဆက်နေတုန်းကို ဗုံးကျဲ နေတာ” လို့ ဒေသပြည်သူ မချို ကပြောပါတယ်။

အကြမ်းဖက် စစ်ကောင်စီက ဗုံးကျဲတိုက်ခိုက်မှုကြောင့် မဘိမ်းမြို့နယ်မှာရှိတဲ့ ခိုတာရွာ ၊ ရမ်းဘိုရွာ ၊ မယ်ဇလီရွာ စတဲ့ အနီးနားရွာများမှာ ရှိတဲ့ ပြည်သူ(၁၀၀၀)နီးပါး အားလုံး နီးစပ်ရာ တောထဲကို ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီ အနေနဲ့ မဘိမ်းမြိုပေါ်မှာ ရှိတဲ့ မြို့မိမြို့ဖတွေကို ဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ လည်းသိရပါတယ်။

Two Myanmar military jet fighters fire missiles during combined exercise by Myanmar army and air force near Magway on January 31, 2019. (Photo by AFP) / “The erroneous mention[s] appearing in the metadata of this photo by STR has been modified in AFP systems in the following manner: [2019] instead of [2018]. Please immediately remove the erroneous mention[s] from all your online services and delete it (them) from your servers. If you have been authorized by AFP to distribute it (them) to third parties, pl
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article