27 C
Yangon

လားရှိုး မြို့နယ် ခမရ ၅၀၇ တပ်နှင့် အမှတ် ၁၂ နယ်မြေရဲစခန်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ပြီး တိုက်ခိုက်မှု ဖြစ်ပွားပြီး မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က တိုက်ခိုက်ဟုဆို

Must read

လားရှိုး မြို့နယ် ခမရ ၅၀၇ တပ်နှင့် အမှတ် ၁၂ နယ်မြေရဲစခန်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ပြီး တိုက်ခိုက်မှု ဖြစ်ပွားပြီး မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က တိုက်ခိုက်ဟုဆို

ရန်ကုန်၊ ဇွန် ၅

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ အထက်မန်အိုင်ကုန်းရှိ ခမရ ၅၀၇ တပ်နှင့် အမှတ် ၁၂ နယ်မြေရဲစခန်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဇွန်လ ၅ ရက်နေ့ နံနက် ၄ နာရီအချိန် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ အထက်မန်အိုင်ကုန်း၊ လွယ်ဝိန်းတောင်အနီးရှိ ခမရ ၅၀၇ တပ်ကို ဝင်ရောက်တိုက်ခိုက်မှုဖြစ်ပွားပြီး လားရှိုးမြို့ အမှတ် ၁၂ နယ်မြေရဲစခန်းကိုလည်း ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု ဖြစ်ပွားကြောင်း သိရှိရသည်။

” ပစ်ခတ်မှုက ၂ နေရာမှာ ဖြစ်တာ။ လားရှိုး ရပ်ကွက် ၅ မန်အိုင် လွယ်ဝိန်းနဲ့ စစ်တပ် တပ်စွဲထားတဲ့နေရာကို တိုက်ခိုက်တာရယ်။ တစ်ဆက်တည်းမှာပဲ ၁၂ နယ်မြေရဲစခန်းနဲ့ ရှော့ဒုံးအပစ်ခံရတယ်။ မဟာမိတ်မြောက်ပိုင်း ညီနောင် ၃ ဖွဲ့လို့ ကြားထားပါတယ်။ ရှော့တိုက်ဒုံးက ရက်ကွက်၁၂ နယ်မြေရဲစခန်းတစ်ဝိုက် ကန်မိန်းဘုန်းကြီး ကျောင်းအနီး ရှော့တိုက်ဒုံးပစ်တယ်။ လက်နက်ငယ်တွေနဲ့ ပစ်ခတ်သွားပါတယ်။ရှော့တိုက်ဒုံး ပစ်တဲ့အရှိန်ကြောင့် နေအိမ်တချို့ခေါင်မိုးပေါ်တို့ လွင့်စင်ကျခဲ့သလို ပစ်ခတ်အတွင်းမှာလည်း မီးတွေပွင့်ထွက်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

ယနေ့ ဇွန်လ ၅ ရက်နေ့ နံနက် ၄ နာရီအချိန်မှစတင်ပြီး လားရှိုးမြို့နယ် အထက်မန်အိုင် လွယ်ဝိန်းတောင်အနီး အပြန်အလှန် ပစ်ခတ်သံများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်သံများ ဆူညံသွားပြီး လားရှို့တစ်မြို့လုံးကြားရ ကြောင်း ၊ နံနက် ၄ နာရီမှ နံနက် ၅ နာရီအထိ တောက်လျှောက် ပစ်ခတ်သံများ ထွက်ပေါ်ကြောင်း၊ လွယ်ဝိန်းတောင်အနီးရှိ စစ်ကောင်စီတပ်ရင်းကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က တိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရှိရကြောင်း ဒေသခံများက ပြောဆိုကြသည်။

“မနက်၄နာရီ ကနေ ၄နာရီ၃၉မိနစ်ဝန်းကျင်ထိ အပြန်အလှန်တရစပ်ပစ်ခတ်သံတွေ ကြားနေရပါတယ်။ ကျွန်တော့်အိမ်နဲ့ နီးလွန်းလို့ခုတင်အောက်ကနေတောင် အပြင်မထွက်နိုင်ပါဘူး။ မနက်၄နာရီ၄၂မိနစ်မှာတော့ ပစ်ခတ်သံတွေ ရပ်သွားပေမယ့် စကစ အဖွဲ့ဝင်တွေ ရမ်းသမ်း ပစ်ခတ်ခြောက်လှမ့်တာတွေရှိပါတယ်။ လွယ်ဝိန်းတောင်အနီးမှာ စက

စရဲ့ ခမရ တပ်ရင်းတစ်ခုရှိပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ယင်းနောက် ယနေ့ နံနက် ၆ နာရီမှ ၇ နာရီဝန်းကျင်တွင် လားရှိုးမြို့တွင်းနှင့်အနီးတဝိုက် ကျေးရွာများဘက်သို့ စစ်ကောင်စီတပ်ဘက်မှ တိုက်ခိုက်ရေးရဟတ်ယာဉ်များစွာ ပျံဝဲနေကြောင်း သိရှိရသည်။

“လွယ်ဝိန်းတောင်နားက ကျေးရွာတွေဘက်ကို စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးရဟတ်ယာဥ်တွေ ပျံဝဲနေပါတယ်။ ပတ်နေတယ်။ ကျေးရွာ ပြည်သူတွေတော့ ရှောင်တိမ်းဖို့ လိုမယ်ထင်တယ်။ သူတို့က မထင်ရင် မထင်သလို ကျေးရွာတွေကို ပစ်မှတ်ထားတာ။ စစ်ခွေးတွေ အထိနာထားပုံပဲ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

လားရှိုးမြို့အနီးတွင် TNLA ၊ MNDAA နှင့် KIA တပ်ဖွဲ့များ လှုပ်ရှားနေသော နေရာဖြစ်ပြီး စစ်တပ်ဘက်ကလည်း လက်အောက်ခံ ပြည်သူ့စစ်နှင့် ပျူစောထီးများစွာ ဖွဲ့စည်း၍ စစ်ရေး ပြင်ဆင်နေချိန် တိုက်ပွဲများ စတင်ဖြစ်ပွားလာခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့တို့ ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့ အထိ မိုင်းလားတွင် တွေ့ဆုံသော ဆွေးနွေးပွဲ ပျက်ပြားသွားပြီးနောက် ယမန်နေ့ ပိုင်းတွင် ရှမ်းပြည် သိန္နီမြို့၊ ယနေ့ နံနက် အစောပိုင်း လားရှိုးမြို့တို့တွင် တိုက်ပွဲများ အကြီးအကျယ် စတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article