28 C
Yangon

ဝက်လက်မြို့နယ်၊ ရှိမ်းမကားရဲစခန်းကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

Must read

ဝက်လက်မြို့နယ်၊ ရှိမ်းမကားရဲစခန်းကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၇

စစ်ကိုင်းကိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားရဲစခန်းကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း လျှပ်စီးပြောက် ကျားတပ်ဖွဲ့- ဝက်လက်မြို့နယ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၄ ရက် မွန်းလွဲ ၁၁ နာရီ ၁၅ မိနစ်ခန့်က အကြမ်းဖက်စစ်သား၊ ရဲ အင်အား ၃၀ ခန့်ဖြင့် တပ်စွဲ ထားသော ရှိမ်းမကား ရဲစခန်းကို စနိုက်ပါဖြင့် ချောင်းမြောင်းပြီး အပိုင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံး ပြီး ဇွန်လ ၅ ရက်န့တွင် ရွာသင်္ချိုင်း၌ သင်္ဂြိုလ်လိုက်ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သားရဲများမှ ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ရဲစခန်းမှာ စစ်ခွေးရော၊ ရဲခွေးရောရှိတယ်၊ အင်အားက ၃၀ လောက်ဗျ၊ အပိုင်တွယ်ပြီး ပြန်ဆုတ်လာခဲ့ တာ၊ သေသွားတဲ့ စစ်ခွေးကတော့ ဘယ်အဆင့်လဲ မသိရဘူး၊ နောက်ရက်ကျတော့ ရွာသင်္ချိုင်းမှာ သင်္ဂြိုလ် လိုက်တယ်လို့ သိရတယ်၊” ဟု လျှပ်စီးပြောက် ကျားတပ်ဖွဲ့- ဝက်လက်မြို့နယ်တပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို လျှပ်စီး ပြောက်ကျားတပ်ဖွဲ(ဝက်လက်)၊ People’s Servant revolution (Wetlet) Black Wolf PDF တိုမှ ပူး ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article