31.9 C
Yangon

သြစတြေးလျနိုင်ငံ၊ ဗစ်တိုရီးယားပြည်နယ် ပါလီမန်လွှတ်တော်အမတ်များနှင့် NUG အစိုးရ ပြည်ထောင်စု ဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး

Must read

သြစတြေးလျနိုင်ငံ၊ ဗစ်တိုရီးယားပြည်နယ် ပါလီမန်လွှတ်တော်အမတ်များနှင့် NUG အစိုးရ ပြည်ထောင်စု ဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး

ရန်ကုန်၊ ဇွန် ၁

သြစတြေးလျနိုင်ငံ၊ ဗစ်တိုရီးယားပြည်နယ် ပါလီမန်လွှတ်တော်အမတ်များနှင့် NUG အစိုးရ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မျိုးမင်း ဦးဆောင်သော အဖွဲ့တို့ ပါလီမန် လွှတ်တော် အစည်းအဝေး ခန်းမအတွင်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

သြစတြေးလျနိုင်ငံတွင် ရောက်ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် မေလ ၃၁ ရက်နေ့တွင် ဗစ်တိုရီးယားပြည်နယ်၊ ပြည်နယ်ပါလီမန်လွှတ်တော်သို့ သွားရောက်ခဲ့ကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့်အတူ ဒုတိယပြည်ထောင်စုဝန်ကြီး ခွန်းဗဟန်းထန်၊ NUG သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေ၊ CRPH/NUG Support Group (Australia) အဖွဲ့ဝင်များ လိုက်ပါကာ သြစတြေးလျနိုင်ငံ၊ ဗစ်တိုရီးယားပြည်နယ် ပါလီမန်လွှတ်တော်အမတ်များမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြောင်း သိရသည်။

ဗစ်တိုရီးယားပြည်နယ်၊ ပါလီမန်လွှတ်တော်အမတ်များမှ ရှေးဦးစွာ ပြည်နယ်အထက် လွှတ်တော် အောက် လွှတ်တော်များ၏ လက်ရှိ လွှတ်တော်ပါလီမန်အတွင်း တိုက်ရိုက် ဆွေးနွေး နေမှုများအား လိုက်လံပြသခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ဦးဆောင်သောအဖွဲ့ကို အစည်းအဝေး ခန်းမအတွင်း၌ မြန်မာပြည်အရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဆွေးနွေးမှုတွင် လူသားချင်းဆိုင်ရာ ကူညီထောက်ပံ့မှုများ၊ သြစတြေးလျနိုင်ငံ၏ မြန်မာပြည်အရေးဆိုင်ရာ ဆောင်ရွက်မှုများ၊ သြစတြေးလျနိုင်ငံအတွင်း အခြေစိုက် နေထိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဗစ်တိုရီးယားပြည်နယ် လွှတ်တော်အမတ်များပါဝင်မည့် မြန်မာပြည်အရေးဆောင်ရွက်မည့် အစုအဖွဲ့ ဖွဲ့စည်းမှုဆိုင်ရာ ကိစ္စရပ်များကို အသေးစိတ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံ ဆွေးနွေးမှုအပြီးတွင် သြစတြေးလျနိုင်ငံ၊ ဗစ်တိုရီးယားပြည်နယ် လွှတ်တော်ပါလီမန်အတွင်းရှိ စာကြည့်တိုက် အပါအဝင် ပါလီမန် အဆောက်အဦးအတွင်း နေရာများကို လိုက်ပါပြသခဲ့ကာ လွှတ်တော်ပါလီမန် လုပ်ငန်း လည်ပတ် ဆောင်ရွက်မှုများကိုလည်း ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article