25 C
Yangon

အင်းစိန်ထောင်လုံခြုံရေး စစ်တပ်ကို ဗုံး ၅ လုံးဖြင့် တိုက်ခိုက်၊ အရှေ့ဒဂုံနှင့်လှိုင်မြို့နယ်တို့တွင်လည်း ဗုံးပေါက်ကွဲပြီး ပစ်ခတ်သံများကြားရ

Must read

အင်းစိန်ထောင်လုံခြုံရေး စစ်တပ်ကို ဗုံး ၅ လုံးဖြင့် တိုက်ခိုက်၊ အရှေ့ဒဂုံနှင့်လှိုင်မြို့နယ်တို့တွင်လည်း ဗုံးပေါက်ကွဲပြီး ပစ်ခတ်သံများကြားရ

ရန်ကုန်၊ ဇွန် ၆

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်အကျဉ်းထောင်ဘေးရှိ လုံခြုံရေးတပ်ဖွဲ့ကို ဗုံး ၅ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့တစ်ခုထံမှ သိရှိရသည်။

ဇွန်လ ၆ ရက်နေ့ ည ၈ နာရီ ၄၈ မိနစ် အင်းစိန်အကျဉ်းထောင် မင်းစေတီ ဘေးဝင်ပေါက်အနီးတွင် ပထမ ဗုံးစတင်ပေါက်ကွခဲ့ပြီး စစ်ကောင်စီတပ်များလာရောက် စစ်ဆေးချိန် ည ၈ နာရီ ၅၁ မိနစ်တွင် ဒုတိယဗုံး၊ ည ၈ နာရီ ၅၆ မိနစ်တွင် တတိယဗုံး ပေါက်ကွဲခဲ့ကြောင်း၊ စစ်တပ်က ကျန် ဗုံး ၂ လုံးကို ရှာဖွေတွေ့ရှိပြီး ရမ်းကားပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“အင်းစိန်ထောင်ဘေးမှာ စစ်တပ်ကို ဗုံး ၅ လုံးနဲ့ တိုက်ခိုက်ခဲ့ပါတယ်” ဟု ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့က ပြောသည်။

အလားတူ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင်လည်း ယနေ့ ည ၈ နာရီ ၄၈ မိနစ်အချိန်တွင် ဗုံးပေါက်ကွဲခဲ့ကြောင်း၊ ည ၁၀ နာရီ ၂၅ မိနစ်အချိန် လှိုင်မြို့နယ်ရဲတပ်ဖွဲ့က သေနတ်ဖြင့် ၆ ချက်ထက်မနည်း ပစ်ခတ်မှု ဖြစ်ပွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဓာတ်ပုံ- စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့လယ်တွင် ညအချိန် အကြမ်း ဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းလှည့်နေစဉ်။ (၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article