38 C
Yangon

အမေရိကန်နိုင်ငံ၊ အာရီဇိုးနားပြည်နယ် တက္ကသိုလ် ASU ၏ ဖိတ်ခေါ်မှု​ဖြင့် NUG အစိုးရ ပြည်ထောင်စု ဝန်ကြီး ဆွေးနွေးပွဲ တက်ရောက်

Must read

အမေရိကန်နိုင်ငံ၊ အာရီဇိုးနားပြည်နယ် တက္ကသိုလ် ASU ၏ ဖိတ်ခေါ်မှု​ဖြင့် NUG အစိုးရ ပြည်ထောင်စု ဝန်ကြီး ဆွေးနွေးပွဲ တက်ရောက်

ရန်ကုန်၊ ဇွန် ၄

အမေရိကန်နိုင်ငံ၊ အာရီဇိုးနားပြည်နယ် တက္ကသိုလ် ASU ၏ ဖိတ်ခေါ်မှု​ဖြင့် NUG အစိုးရ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဇော်ဝေစိုး ဆွေးနွေးပွဲ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇွန်လ ၂ ရက်နေ့တွင် အာရီဇိုးနားပြည်နယ်တက္ကသိုလ် ASU ၏ ဖိတ်ခေါ်မှုနှင့် NUG ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ မြန်မာတိုင်းရင်းသားတို့နှင့် တွေ့ဆုံ၍ တော်လှန်ရေး အခြေအနေများကို ပွင့်လင်းစွာ ရှင်းပြခဲ့ကြောင်း၊ အာရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့တော်နှင့် ပတ်ဝန်းကျင်ရှိ မြန်မာတိုင်းရင်းသား ဦးဆောင်လှုပ်ရှားသူများနှင့် တွေ့ဆုံခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက တက်ရောက်လာကြတဲ့ မြန်မာတိုင်းရင်းသားမိသားစုများကို လက်ရှိ တော်လှန်ရေး အခြေအနေများ အစီအစဉ်များကို ပွင့်လင်းစွာ ရှင်းပြခဲ့ကြောင်း သိရသည်။

ဒေသ တိုင်းရင်းသား အစုအဖွဲ့များကလည်း ၎င်းတို့ဆောင်ရွက်နေကြသည့် ထောက်ပို့ကူညီရေး၊ ရန်ပုံငွေ ရှာဖွေရေး အလုပ်တွေအကြောင်း ပြောဆိုတင်ပြခဲ့ပြီး သဘောထားများ ဖလှယ်ခဲ့ကြကြောင်း၊ တွေ့ဆုံပွဲတွင် ပြည်သူများ၏ ကောက်ခံရရှိသော အလှူငွေများကို ဒေါက်တာဇော်ဝေစိုးထံ ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article