28 C
Yangon

အရပ်ဝတ်ဖြင့် သွားလာနေသော တောင်ငူအခြေစိုက် လေကြောင်းရန် ကာကွယ်ရေးတပ် ၁၀၁၅ မှ ဒုဗိုလ်မှူးကြီး ရဲနိုင်ကို PDF က ပစ်သတ်နိုင်ခဲ့ပြီး ဖုန်းနှင့် ဆိုင်ကယ် သိမ်းဆည်းရမိထား

Must read

အရပ်ဝတ်ဖြင့် သွားလာနေသော တောင်ငူအခြေစိုက် လေကြောင်းရန် ကာကွယ်ရေးတပ် ၁၀၁၅ မှ ဒုဗိုလ်မှူးကြီး ရဲနိုင်ကို PDF က ပစ်သတ်နိုင်ခဲ့ပြီး ဖုန်းနှင့် ဆိုင်ကယ် သိမ်းဆည်းရမိထား

ရန်ကုန်၊ ဇွန် ၁

ပဲခူးတိုင်း၊ တောင်ငူအခြေစိုက် လေကြောင်းရန် ကာကွယ်ရေးတပ် ၁၀၁၅ မှ ဒုတိယဗိုလ်မှူးကြီး ရဲနိုင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပစ်သတ်နိုင်ခဲ့ပြီး ၎င်း၏ဖုန်းနှင့် ဆိုင်ကယ်ကို သိမ်းဆည်းရမိထားကြောင်း ရေတာရှည် ပြည်သူ့ကာကွယ်ရေးတပ်မှ ဗိုလ်ကြက်သွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၃၁ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် အမြန်လမ်း ၁၅၄ မိုင် ၈ ဖာလုံတွင် အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီးသွား လာသော အမှတ် ၁၀၁၅ လေကြောင်းရန် ကာကွယ်ရေးတပ်မှ ဒုဗိုလ်မှူး‌ကြီး ရဲနိုင်ကို ရေတာရှည်ပြည်သူ့ကာကွယ် ရေးတပ် အမှတ် ၃၅၀၁ တပ်ခွဲ ၆ မှ ရဲဘော်များက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း၊ ၎င်း၏ ဖုန်းနှင့် ဆိုင်ကယ်ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း ဗိုလ်ကြက်သွန်က ပြောဆိုသည်။

“သူက လုံး၀ အရပ်ဝတ်နဲ့ပဲ လျှောက်ပတ်သွားနေတာ။ ယူနီဖောင်းလုံး၀ မဝတ်ဘူး။ ကျနော်တို့ သူ့ကို ဘယ်လောက်ချောင်းရလဲဆိုရင် လူမှားမှာစိုးလို့ တစ်ခေါက် သူဟုတ်ပါလျက်နဲ့တောင် ရှောင်ခဲ့ရတယ်။ ၇ ရက်လောက်တော့ ကြာတယ်။ သူ့ကို လိုက်ချောင်းရတာ။ မစ်ရှင်အောင်မြင်ဖို့။ သူက PDF သတင်းတွေကို လိုက်မေးနေတာ။ ကျနော်တို့ သတင်းရင်းမြစ်က တိတိကျကျ သတင်းပေးမှ လုပ်ကြံရတာ” ဟု ဗိုလ်ကြက်သွန်က ဆိုသည်။

အမြန်လမ်း ၁၅၄ မိုင်တွင် စစ်တပ် စစ်ဆေးရေးဂိတ်ရှိပြီး ၁၅၈ မိုင်တွင်လည်း စစ်တပ်စစ်ဆေးရေး ဂိတ်တစ်ခုရှိကြောင်း၊ ယင်းကြားထဲတွင် လေကြောင်းရန်ကာကွယ်ရေးတပ်ရှိပြီး လုံခြုံရေး အထူးသတိပြုခဲ့ရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

2 COMMENTS

  1. PDF တွေတော်လိုက်တာ
    လေးစားချီးပျူးပါတယ်

  2. PDF တွေတော်လိုက်တာ
    လေးစားချီးကျူးပါတယ်

Comments are closed.

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article