28 C
Yangon

မိတ္ထီလာလေတပ်တွင် ကျည်ဆန်ထည့် မောင်းချိန်ထားသည့် သေနတ်ဖြင့် စနောက်ရာမှ တပ်ကြပ် အိဖြူခိုင် ကျည်ထိမှန်သေဆုံး

Must read

မိတ္ထီလာလေတပ်တွင် ကျည်ဆန်ထည့် မောင်းချိန်ထားသည့် သေနတ်ဖြင့် စနောက်ရာမှ တပ်ကြပ် အိဖြူခိုင် ကျည်ထိမှန်သေဆုံး

ရန်ကုန်၊ ဇွန် ၁

မန္တလေးတိုင်း၊ မိတ္တီလာလေတပ်တွင် ကျည်ဆန်ထည့် မောင်းချိန်ထားသည့် သေနတ်ဖြင့် အချင်းချင်း စနောက်ကြရာမှ တပ်ကြပ် အိဖြူခိုင် ကျည်ထိမှန်သေဆုံးသွားကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

မေလ ၃၀ ရက်နေ့တွင် ကျည်ဆန်ထည့် မောင်းချိန်ထားသည့် သေနတ်ဖြင့် ပစ်ခတ်သည့်ပုံစံ စနောက်ကြရာမှ ကျည်ထွက်ပြီး တပ်ကြပ် အိဖြူခိုင်ကို ထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ သေနတ်မောင်းချိန်၍ စနောက်ခဲ့သူကိုလည်း ဖမ်းဆီးအချုပ်ချထားကြောင်း သိရှိရသည်။

“သူနဲ့ ရင်းနှီးတဲ့ စစ်သားက သေနတ်ကျည်ထိုးထားတာကို မသိဘဲ သွားစတာ။ ကျည်ထွက်ပြီး အိဖြူခိုင်ကို မှန်တယ်။ တစ်ခါတည်း ပွဲချင်းပြီး ဆုံးပါတယ်။ စနောက်သူလည်း အဖမ်းခံထားရတယ်” ဟု စစ်တပ်သတင်းရင်းမြစ်က ပြောသည်။

မိတ္တီလာလေတပ်မှ တပ်ကြပ် အိဖြူခိုင်သည် အိမ်ထောင်မရှိ အပျိုတစ်ဦးဖြစ်ပြီး ၎င်း၏ နာရေးတွင် ကျန်ရစ်သူ မိသားစုကိုပါ ဆင့်ခေါ် အကြောင်းကြားခဲ့ကြောင်း၊ စနောက်သူကိုလည်း လူသေမှု အပြင် စစ်စည်းကမ်းများဖြင့် အရေးယူမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article