29 C
Yangon

ပခုက္ကူမြို့ရှိ တပ်မ ၁၀၁ မှ MA-1 သေနတ်ဖြင့် အလင်းဝင်လာသည့် စစ်သား ၁ ဦးကို ငွေကျပ် သိန်း ၁၀၀ ကျော် ဂုဏ်ပြု ချီးမြှင့်

Must read

ပခုက္ကူမြို့ရှိ တပ်မ ၁၀၁ မှ MA-1 သေနတ်ဖြင့် အလင်းဝင်လာသည့် စစ်သား ၁ ဦးကို ငွေကျပ် သိန်း ၁၀၀ ကျော် ဂုဏ်ပြု ချီးမြှင့်

ရန်ကုန်၊ ဇွန် ၁

မကွေးတိုင်း၊ ပခုက္ကူမြို့ အခြေစိုက် တပ်မ ၁၀၁ တပ်မှ MA-1 သေနတ်ဖြင့် အလင်းဝင်လာသည့် စစ်သား ၁ ဦးကို ငွေကျပ် သိန်း ၁၀၀ ကျော် ဂုဏ်ပြု ချီးမြှင့်ခဲ့ကြောင်း Young Force – UG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

မေလ တတိယပတ်ခန့်က ပခုက္ကူမြို့ အခြေစိုက် တပ်မ ၁၀၁ တပ်မှ MA-1 သေနတ် ယူဆောင်လာပြီး အလင်းဝင်လာသည့် စစ်သားသည် အကြမ်း စစ်တပ်၏ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေခြင်း၊ ပြည်သူလူထုအပေါ် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေခြင်းတို့ကြောင့် ဆက်လက် လုပ်ကိုင်လို စိတ်မရှိသဖြင့် Young Force – UG တပ်ဖွဲ့သို့ ဆက်သွယ်ကာ အလင်းဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်သားသည် MA1 သေနတ် ၁ လက် ၊ ကျည်ဘောက် ၂ ခု ၊ ကျည် အတောင့် ၁၀၀ ခန့်တို့ကို ယူဆောင်ကာ အလင်း ဝင်ရောက် လာခဲ့ခြင်းကြောင့် ငွေကျပ် သိန်း ၁၀၀ ကျော် ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

“လွန်ခဲ့တဲ့ ၂ ပတ်လောက်ကတည်းက အလင်းဝင်ခဲ့တာ၊ သူ့လုံခြုံရေး အခုမှ ထုတ်ပြန်လိုက်ရတာ၊ သူလည်း လွတ်မြောက် နယ်မြေရောက်သွားပြီဖြစ်တဲ့အတွက်ပါ၊ လက်နက်နဲ့ တကွ အလင်းဝင်လာခဲ့တာမို့ ဂုဏ်ပြုချီးမြှင့်ငွေသိန်း ၁၀၀ ကျော်ပေးလိုက်တယ်၊ သူလဲ လုပ်ကိုင်စားသောက်ရတာ အဆင်ပြေစေ အောင်လို့ပါ၊ ကျနော်တို့မှာ ရှိလို့တော့မဟုတ်ပါဘူး၊ ချေးငှားစုပြီး ပေးလိုက်တယ်” ဟု Young Force – UG တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

လက်ရှိချိန်ထိ Young Force – UG တပ်ဖွဲ့ထံ တပ်အတွင်းမှ CDM ပြုလုပ်လာသည့် အလင်းဝင်ရောက်လာသူ ၁၁ ဦးရှိပြီဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ် လက်အောက်တွင် တာဝန် ထမ်းဆောင်လိုခြင်းမရှိသော မည့်သည့် ဝန်ထမ်းကိုမဆို လက်ခံ ဆောင်ရွက်ပေးပြီး လက်နက်မပါဝင်ပါကလည်း တတ်နိုင်သမျှ ထောက်ပံ့စရိတ်ပေးကာ လွတ်မြောက် နယ်မြေသို့ ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article