25 C
Yangon

Great Synergy Manpower ကုမ္ပဏီက ၎င်းတို့ ငွေကြေး လိမ်လည်ထားသူများကို နိုင်ငံကူးလက်မှတ်နှင့် ပိုက်ဆံများ ပြန်ပေးမည်ဟု ပြောဆိုထားသော်လည်း လက်ရှိချိန်ထိ ပြန်မပေးသေးဘဲ ပွဲစားများ ထွက်ပြေးနေ

Must read

Great Synergy Manpower ကုမ္ပဏီက ၎င်းတို့ ငွေကြေး လိမ်လည်ထားသူများကို နိုင်ငံကူးလက်မှတ်နှင့် ပိုက်ဆံများ ပြန်ပေးမည်ဟု ပြောဆိုထားသော်လည်း လက်ရှိချိန်ထိ ပြန်မပေးသေးဘဲ ပွဲစားများ ထွက်ပြေးနေ

ရန်ကုန်၊ ဇွန် ၅

Great Synergy Manpower ကုမ္ပဏီက ၎င်းတို့ ငွေကြေး လိမ်လည်ထားသူများကို နိုင်ငံကူးလက်မှတ်နှင့် ပိုက်ဆံများ ပြန်ပေးမည်ဟု ပြောဆိုထားသော်လည်း လက်ရှိအချိန်အထိ ပြန်မပေးသေးဘဲ ပွဲစားများ ထွက်ပြေးနေကြောင်း ငွေကြေးလိမ်လည်ခံရသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

ဟောင်ကောင်တွင် ဘိုးဘွားပြုစုစောင့်ရှောက်ရေးနှင့် အလုပ်လုပ်ရမည်ဆို၍ လူတစ်ဦးလျှင် ကျပ် ၁၈ သိန်းကျော် အနည်းဆုံးတောင်းခံပြီး လူပေါင်း ၂၀၀၀ ကျော်ထံမှ ငွေပေါင်းများစွာ လိမ်လည်ထားသည့် Great Synergy Manpower ကုမ္ပဏီသည် ၎င်းတို့ လိမ်လည်ခဲ့သူများကို ငွေကြေးနှင့် နိုင်ငံကူးလက်မှတ်များကို ပြန်ပေးမည်ဟု ပြောဆိုခဲ့သော်လည်း လက်ရှိအချိန်အထိ ပြန်လည်ရရှိခြင်း မရှိကြောင်း သိရသည်။

“စာအုပ်နဲ့ ပိုက်ဆံ ပြန်ပေးမယ်လို့ ပြောပြီး ရှောင်နေတယ်။ ပွဲစားတွေ ဖုန်းနံပါတ်တွေ ခေါ်တာ မကိုင်ဘူး။ ကျွန်တော့် ပွဲစားနာမည်က ဦးဇေယျာနဲ့ မယဉ်ယဉ် လင်မယားတွေပါ။ ပွဲစားမက ခု ကုမ္ပဏီပိတ်ထားလိုက်ပါပြီ ။ ကုမ္ပဏီက လူတွေကိုလည်း ဖမ်းသွားလို့လည်း ပြောပါတယ်” ဟု ငွေကြေးလိမ်လည်ခံရသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောပြသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဧပြီလ ၂၇ ရက်နေ့က Great Synergy Manpower ကုမ္ပဏီ၏ လိမ်လည်မှုနှင့် ပတ်သက်၍ သတင်းတင်ချိန်တွင် ပွဲစား မယဉ်ယဉ်ဆိုသူ မှ သတင်းအမှားဟု ပြောဆိုခဲ့ပြီး သူတို့ အဖွဲ့များ မဟုတ်ဟု ပြောဆိုခဲ့သေးကြောင်း၊ နောက်ပိုင်းတွင်မူ စစ်ကောင်စီမှ ကုမ္ပဏီက လူတွေကို ဖမ်း၍ စစ်ဆေးနေသည်ဟု ပြောဆိုခဲ့ကြောင်း ငွေကြေးလိမ်လည်ခံရသူများထံမှ သိရှိရသည်။

“ရုံးထုတ်စစ်နေတယ်ပြောပြီး အခု အဆက်အသွယ်လုပ်မရလို့ပါ။ စစ်ဆေးတာကို ၅ လပိုင်းကုန်ရင် သိရမယ်ပြောပြီး။ ၅ လပိုင်းကုန်ရင် အယူခံနဲ့ ထွက်ပြီး ပွဲစားက ပြောပြီး ဖုန်းနံပါတ် တွေကို Block သွားပါတယ်။ ပွဲစားက ရှောင်နေပါတယ်” ဟု ငွေကြေးလိမ်လည်ခံရသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ Great Synergy Manpower ကုမ္ပဏီသည် ဟောင်ကောင်တွင် အလုပ်လုပ်ရမည်ဆို၍ တရုတ်စာနှင့် သူနာပြုသင်တန်များကို ပေးခဲ့ပြီး သင်တန်းကာလ ၄၅ ရက်အတွင်း တရုတ်စကားနှင့် သူနာပြုနည်းကို အဖြစ် သင်ကြားပေးခဲ့ကြောင်း၊ ဧပြီလကုန်တွင် ဟောင်ကောင်သို့ ပထမအသုတ်အဖြစ် မပျက်မကွက်စေလွှတ်မည်ဟု ပြောကြားခဲ့သော်လည်း လက်ရှိအချိန်အထိ မည်သူကိုမျှ စေလွှတ်ခြင်းမရှိဘဲ ကုမ္ပဏီပိတ်ကာ ထွက်ပြေးတိမ်းရှောင်နေခြင်းဖြစ်ကြောင်း၊ နောက်ပိုင်းတွင် ပွဲစားများမှ နိုင်ငံကူးလက်မှတ်နှင့် ငွေကြေး ပြန်လည်ပေးမည်ဟု ကြားသိရသော်လည်း လက်ရှိအချိန်တွင် ပွဲစားများပါ ရှောင်ပြေးနေခြင်းဖြစ်ကြောင်း ငွေကြေးလိမ်လည်ခံရသူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article