27 C
Yangon

သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကြောင်းထိုး စီးနင်းနေသော စစ်တပ်ကို PDF တပ်ဖွဲ့များ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

Must read

သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကြောင်းထိုး စီးနင်းနေသော စစ်တပ်ကို PDF တပ်ဖွဲ့များ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၅

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကြောင်းထိုး စီးနင်းနေသော စစ်တပ်ကို PDF တပ်ဖွဲ့များ တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်လင်းယုန် တပ်ဖွဲ့ ပြင်ဦးလွင် ခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂ ရက်နေ့တွင် အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ်သည် စစ်ကြောင်း ၂ ကြောင်းခွဲ၍ သပိတ်ကျင်းမြို့နယ်၊ ငါးတန့်အိုင် ကျေးရွာဘက်ကို စစ်ကြောင်းတစ်ကြောင်း၊ ကျောလေးကျေးရွာဘက်သို့ စစ်ကြောင်း တစ်ကြောင်းဖြန့်၍ ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

ဇွန်လ ၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ငါးတန့်အိုင်ကျေးရွာနှင့် ချောင်းသလဲကျေးရွာ ၂ ရွာ အကြားရှိ တောင်ပေါ်သို့ ရောက်ရှိလာသော စစ်သားများကို ဗိုလ်လင်းယုန်တပ်ဖွဲ့ မှ ကြိုတင်မြင်တွေ့ခဲ့ပြီး တပ်ဖြန့်နေရာယူ‌ကာ စစ်သားများ အနီးကပ်လာသည့် တိုင်အောင် အသင့်စောင့်ဆိုင်းပြီး စစ်သားများက “ရန်သူ” ဟု အော်ဟစ်သတိ‌ပေးချိန်တွင် စတင် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်သား ၅ ဦးလည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲကြာချိန် ၁၅ မိနစ်ခန့်အကြာတွင် အကြမ်းဖက် စစ်တပ်ဘက်မှ ပစ်ကူပစ်အား များလာသောကြောင့် ကာကွယ်ရေး ရဲ‌ဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာချိန်တွင် အကြမ်းဖက် စစ်တပ်က ၆၀ မမ ဖြင့် ၃ ကြိမ်၊ အီနာဂါများ၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှု ပြုလုပ်ပြီးနောက် စစ်သားများက ချောင်းသလဲကျေးရွာကို ရောက်ရှိလာချိန် PDF ရဲဘော်များက အသင့်ထောင်ထားသည့် ပဒေသာမိုင်း ၉ လုံးဖြင့်ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒုတိယ‌မြောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇွန်လ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် ကျောလေးရွာသို့ ရောက်ရှိလာပြီး ကျောလေးရွာကို မီးစတင်ရှို့နေချိန် Nine PDF တပ်ဖွဲ့မှ မီးရှို့နေသောစစ်ခွေးများကို ပဒေသာမိုင်း ၅ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး ထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၄ ရက်နေ့ နံနက် ၅ နာရီ ၃ မိနစ်ခန့်တွင် ကျောလေးကျေးရွာမှ စစ်သားများသည် တောင်ခါးပြတ်ကျေးရွာသို့‌ ရောက်ရှိလာပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့၍ ပြန်လည် ထွက်ခွာသွားကြောင်း၊ ယင်း တိုက်ခိုက်မှုကို ဗိုလ်လင်းယုန် တပ်ဖွဲ့နှင့် Nine PDF တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့ ပြင်ဦးလွင်ခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article