25 C
Yangon

တောင်သာတွင် PDF သတင်းကို လိုက်လံစုံစမ်းနေသည့် စစ်ထောက်လှမ်းရေး လှမိုး ပစ်ခတ်ခံရပြီး သေဆုံးကာ သေနတ် ၁ လက် သိမ်းဆည်းရမိ

Must read

တောင်သာတွင် PDF သတင်းကို လိုက်လံစုံစမ်းနေသည့် စစ်ထောက်လှမ်းရေး လှမိုး ပစ်ခတ်ခံရပြီး သေဆုံးကာ သေနတ် ၁ လက် သိမ်းဆည်းရမိ

ရန်ကုန်၊ ဇွန် ၅

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် PDF သတင်းကို လိုက်လံစုံစမ်းနေသည့် စစ်ထောက်လှမ်းရေး လှမိုးကို ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်းအမှတ် ၃ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၅ ရက်နေ့တွင် တောင်သာမြို့နယ်၊ ဇဂျမ်းတိုက်နယ် အင်ကျင်းသာရွာ၌ PDF သတင်းများကို လိုက်လံ စုံစမ်းနေသည့် စစ်ထောက်လှမ်းရေး လှမိုးကို တော်လှန်ရေး ရဲဘော်များက ပစ်ခတ် ရှင်းလင်းခဲ့ပြီး ကာဘိုင် M-1 သေနတ် ၁ လက် သိမ်းဆည်းရမိကာ အထိခိုက်မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

” စစ်ထောက်လှမ်းရေး လှမိုးကို ပစ်ခတ်ရှင်းခဲ့ပြီး ကာဘိုင် သေနတ် ၁ လက် သိမ်းဆည်း ရမိခဲ့တယ်” ဟု မြင်းခြံခရိုင်တပ်ရင်းအမှတ် ၃ မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်းအမှတ် ၃ ရဲဘော်များနှင့် Burmese Guerrilla Force-BGF အဖွဲ့တို့မှ ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article